ဗိုလ်ချုပ်အောင်ဆန်းဘောလုံးကွင်း၌ ကျင်းပသော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေဆုတောင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံသည် ဘာသာလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်သည့်နိုင်ငံဖြစ်သည်ကို ဘာသာပေါင်းစုံဆုတောင်းပွဲက သက်သေပြကြောင်းကိုပြောကြားခဲ့တာဖြစ်ပါတယ်။ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “နိုင်ငံသူနိုင်ငံသားအားလုံးဟာအတွက် ယနေ့ ဆုတောင်မေတ္တာပို့သကြခြင်းဖြစ်ပါတယ်။ အခက်အခဲဖြစ်နေတဲ့သူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေ အခက်အခဲတွေကို ရင်ဆိုင်နေကြတဲ့သူတွေအတွက် မေတ္တခွန်းအားတခုဖြစ်ပါတယ်။ ကျွန်တော်တို့ ပေးနိုင်တဲ့ စွမ်းအားတခုဖြစ်ပါတယ်။

ဒီအတွက် နိုင်ငံသူနိုင်ငံသား အားလုံး စုဝေးပြီး ဆုတောင်း မေတ္တာပို့ရခြင်းပဲဖြစ်ပါတယ်။ ယနေ့ ဒီပွဲဟာ ကျွန်တော်တို့ နိုင်ငံအတွင်း ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီးအတွက် နိုင်ငံတော်ကြီးကိုဦးဆောင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ နိုင်ငံတော်ကြီး ငြိမ်းချမ်သာယာပါစေလို့ ဆုတောင်းမေတ္တာပို့ ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကို ကမ္ဘာကြီးက နားလည်နိုင်ပြီး ကျွန်တော် တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက် နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်'' လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ 

“ကျွန်တော်တို့အားလုံး ကျွန်တော်တို့ အချင်းချင်း မေတ္တာတရားနဲ့ လက်တွဲကြပါစို့။ ကျွန်တော်တို့ရဲ့ အနာဂတ်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဦးဆောင်မှုနဲ့ အတူဖော်ဆောင်ကြပါစို့" ဟု လည်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားခဲ့တာဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-News watch Photo-Victor

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။