ဆုဆုလို့ကိုယ့်ကိုယ်ကိုယ်နာမ်စားသုံးပြီးခေါ်တတ်တဲ့ ချစ်စရာမင်းသမီးလေးကတော့ ဆုအိမ့်စံပဲဖြစ်ပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့် ပရိတ်သတ်ကသတိထားမိလာတာဖြစ်ပါတယ်။ ခုချိန်မှာတော့ ဆုအိမ့်စံက ပရိတ်သတ်ရင်ထဲရောက်တဲ့ တန်းဝင်မင်းသမီးတစ်လက် ဖြစ်လာပါပြီ။ ချစ်စရာပုံရိပ်လေးတွေကို Facebook ပေါ်အမြဲလိုလိုတင်တတ်ပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်မှု အားပေးမှုကို အခိုင်အမာရထားတဲ့ မင်းသမီးတစ်လက်လဲဖြစ်ပါတယ်။

သူမရဲ့အချစ်ရေးလေးကလဲ အဆင်ပြေပြေနဲ့ချောမွေ့နေပါတယ်။ အချစ်ဟောင်းနဲ့ဇာတ်လမ်းပြီးဆုံးပြီးနောက် သူမဟာ စိန်ဘယက်ဆေးတိုက်ရဲ့သားဖြစ်သူ မင်းသားလဲဖြစ်တဲ့ သူရိယနဲ့ ချစ်သူတွေဖြစ်နေကြပါပြီ။ ဆုဆုစိတ်ကောက်တိုင်း သူရိယက အချိန်ပေးပြီး တယုတယချော့တတ်တာမို့ ချစ်စရာကောင်းတဲ့ Relationship လေးကိုလဲ ပိုင်ဆိုင်ထားတဲ့ချစ်သူနှစ်ယောက်ပေါ့နော်။ မင်းသားသူရိယဟာဆိုရင်လဲ “ ပဉ္စလက်ရွာ ” ဆိုတဲ့ ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်အတူရိုက်ကူးထားတဲ့ “ ရှင့်အမေနဲ့ကျွန်မ ” ဆိုတဲ့ Video လေးဟာလဲ အခုဆိုအောင်အောင်မြင်မြင်ရိုက်ကူးပြီးသွားပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာဆိုရင်တော့ အဓိကဇာတ်ဆောင်အဖြစ် သူရိယ၊ ခိုင်နှင်းဝေနဲ့ ဆုအိမ့်စံတို့က သရုပ်ဆောင်ထားတာဖြစ်ပြီး အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကဖြန့်ချီတာဖြစ်ပါတယ်။ ခိုင်နှင်းေ၀ နဲ့ ဆုအိမ့်စံတို့က အပြိုင်အဆိုင်ဇာတ်ရုပ်ကိုသရုပ်ဖော်ထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဆုဆုနဲ့သူရိယတို့ ချစ်သူနှစ်ဦးရဲ့အနုပညာလမ်းကြောင်းမှာအောင်မြင်မှုတွေအများကြီးရပြီး အချစ်ရေးသာယာဖြောင့်ဖြူးစေဖို့ ပရိတ်သတ်ကြီး ဆုတောင်းပေးလိုက်ပါဦးနော်။

Photo Source - Thuriya / Su Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။