အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီမှာတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဝမ်ပေါင်ကုမ္ပဏီကြေးနီကား ၄ စင်းကို မိုးကြိုးပြင်ကျေးရွာထိပ်မှာ ဒေသခံတောင်သူတွေက ပိတ်ဆို့တားဆီးထားခဲ့တာဖြစ်ပါတယ်။ယခုအဖြစ်အပျက်နဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီမှာတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဝမ်ပေါင်ကုမ္ပဏီကြေးနီကား ၄ စင်းကို မိုးကြိုးပြင်ကျေးရွာထိပ်မှာ ဒေသခံတောင်သူတွေက ပိတ်ဆို့တားဆီးထားသိရပါတယ်။

မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက“ကားပေါ်မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေပါတယ်။ ထိခိုက်တာတော့ မရှိဘူးရယ်။ အဲဒီကားက ကျွန်တော်တို့ သပိတ်စခန်းဘက်ကိုလာတယ်။ သပိတ်စခန်းနားမရောက်ခင်မှာ ကားကို ပြန်လှည့်ရင်း ရေမြောင်းထဲ ထိုးကျသွားတာပါ” ဟုပြောကြားခဲ့ပါတယ်။

အဆိုပါရဲကားဟာ ရေမြောင်းထဲသို့ထိုးကျသွားခဲ့ပြီး ကားဦးခေါင်းပိုင်းမှာ ရေမြောင်းအတွင်းဇောက်ထိုးကျသွားကြောင်း သိရပါတယ်။

ရဲကားနှင့်လိုက်ပါလာသူများမှာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းလည်းသိရပါတယ်။လက်ပံတောင်းတောင် စီမံကိန်းကြောင့် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။

သတင်းအရင်းအမြစ်-eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။