နေ့စဉ်သတင်းများ

သမ္မတဟောင်း ဦးသိန်းစိန်အား"ဒို့သမ္မတ"ကျောင်းမှကန်တော့ပွဲပြုလုပ်ခဲ့

Soe Lwin Phyo လွန်ခဲ့သော ၂ လ က

"ဒို့သမ္မတ" တက္ကသိုလ် ဝင် တန်း ပညာရေး ကူညီမှု သင်တန်းကျောင်းဟာတော့ နေပြည်တော်မှာဖွင့်လစ်ထားတယ်လို့သိရပါတယ်။အောက်တိုဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ပွဲမှာ သမ္မတဟောင်း ဦးသိန်းစိန်က ကန်တော့ခံခဲ့တယ်လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် "ဒို့သမ္မတ" တက္ကသိုလ် ဝင် တန်း ပညာရေး ကူညီမှု သင်တန်းကျောင်းမှ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများက သမ္မတဟောင်း ဦးသိန်းစိန်အားကန်တော့ခဲ့သည့်ဓာတ်ပုံများကို ရိုက်ကူးဖော်ပြတာဖြစ်ပါတယ်။ကန်တော့သည့် ပွဲတခုကို ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

"ဒို့သမ္မတ" တက္ကသိုလ် ဝင် တန်း ပညာရေး ကူညီမှု သင်တန်းကျောင်းမှ ကျောင်းသူများက ကန်တော့ပွဲပြုလုပ်သည့်ပွဲတွင် သမ္မတဟောင်း ဦးသိန်းစိန်က ကျောင်းသား၊ ကျောင်းသူများကို လမ်းညွှန်အမှာစကား ပြောကြားပြီး တက်ရောက်လာသူများနှင့် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ်-The Irrawaddy - Burmese Edition

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။