Bollywood မှာ အကျော်ကြားဆုံးမင်းသမီး ကို ပြပါဆိုလျှင် Kareena Kapoor ကိုပြရမှာပါ။ မင်းသမီး Kareena Kapoor ဟာ အသက် ၃၇ နှစ်ရှိပါပြီ။ သူမဟာ အချစ်ဒရမ်မာ ဇာတ်ကားတွေအပြင် မှုခင်း ဇာတ်ကားတွေ ကိုပါ ပီပြင်အောင်သရုပ်ဆောင်နိုင်သူပါ။ မင်းသမီး Kareena Kapoor ဟာ Bollywood မှာ အနုပညာကြေးအများဆုံး ရရှိတဲ့ မင်းသမီးလည်းဖြစ်ပါတယ်။

မင်းသမီး Kareena Kapoor ဟာ သရုပ်ဆောင်အလုပ်တွေအပြင် ဒီဇိုင်နာ နဲ့ စာရေးဆရာမ အဖြစ်လညး် လုပ်ကိုင်ပါသေးတယ်။ သူမဟာ Globus လက်လီဆိုင်နဲ့ ချိတ်ဆက်ပြီး အိန္ဒိယ အမျိုးသမီးတွေ အတွက်ဝတ်စုံ တွေကို ရောင်းချတဲ့ ပထမဆုံး မင်းသမီးဖြစ်လာခဲ့ပါတယ်။ မင်းသမီး ဟာ သူမ ရဲ့ ကိုယ်ပိုင်ဝတ်စုံ ဒီဇိုင်းတွေကို နိုင်ငံတကာ ထိ ထိုးဖောက်နိုင်ဖို့ ကြံစည်နေပါတယ်။

မင်းသမီး Kareena Kapoor ဟာ “Don’t Lose Your Mind, Lose Your Weight” ဆိုတဲ့ ကျန်းမာစေမယ့် အစားအသောက် အလေ့အထ တွေ နဲ့ ပတ်သက်တဲ့ နည်းလမ်းတွေကို ရေးသားထားတဲ့စာအုပ်ကို ဖြန့်ချီခဲ့ပါတယ်။ အဲ့ဒီ့စာအုပ်ဟာ စတင်ဖြန့်ချီတဲ့ ရက်၂၀ အတွင်းမှာ ပဲ အုပ်ရေပေါငး် ၁၀၀၀၀ လောက် ရောင်းချခဲ့ရပါတယ်။ သူမ ဟာ ရုပ်ရှင်သရုပ်ဆောင်ရာမှာလညး် ထူးချွန်လှတာကြောင့် ပရိသတ် အချစ်တော် မင်းသမီးလညး်ဖြစ်ပါတယ်။

Source: Bollywood Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။