စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ဟာ ညီအစ်မနှစ်ယောက်ပေါင်းပြီး အလှူလုပ်မယ့်လို့ သိရပါတယ်။ ညီမနှစ်ယောက်အတူတူ ကထိန်ခင်းပြီး ရှင်ပြုရဟန်းခံအလှူ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ အကောင်အထည်ဖော်ခွင့်ရလိုက်ပြီဖြစ်တဲ့ သူမတို့ရဲ့အလှူလေးကို မနှစ်ကတည်းက ပြုလုပ်ဖို့ စိတ်ကူးထားကြပေမယ့် လှူခွင့်မရလိုက်ဘဲ ယခုနှစ်မှာတော့ သူမတို့ ညီမနှစ်ယောက်ရဲ့ ရည်မှန်းချက်လေး ပြည့်ဝခဲ့ပြီဖြစ်ပါတယ်။ အခုလို ပြုလုပ်ချင်နေတဲ့ အလှူလေး ပြုလုပ်ခွင့်ရပြီး ရည်မှန်းချက်လေး ပြည့်သွားတဲ့အတွက် စိုးပြည့်နဲ့ ဒီဒီး တို့ ညီမနှစ်ယောက်လုံး အရမ်းကို ပျော်ရွှင်နေပါတယ်။

အလှူလေးကတော့ သံဃာတော်(၂၅)ပါးကို ကထိန်လျာသင်္ကန်းကပ်လှူသွားမှာဖြစ်ပြီး စကားအင်းကျေးရွာ၊ ဇီးကန်တောရကျောင်းဆရာတော် အရှင်တေဇနိယ အား ကံထပ်မင်္ဂလာပြုလုပ်မှာ ဖြစ်ပါတယ်။ ဒေါက်တာ အောင်စိုးမြင့် အား ရဟန်းဘောင်သို့ သွပ်သွင်းပေးမှာ ဖြစ်ပြီး ရှင်သာမဏေလောင်းလျာ(၄၅)ဦးတို့ကိုလည်း သာသနာ့ဘောင် သွင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ ပြုလုပ်မှာ ဖြစ်တဲ့အတွက် မန္တလေးမှ ပရိသတ်များကိုလည်း ဖိတ်ခေါ်ထားပါတယ်။ သူမတို့ရဲ့ အလှူအတွက် စိုးပြည့်တို့ ညီမနှစ်ယောက်လုံး အရမ်းကိုပျော်ရွှင်ပြီး စိုးပြည့်က အခုလို ပြောထားပါတယ်။

“ဒီနှစ် မဒီရယ် စိုးပြည့်ရယ် ညီမနှစ်ယောက်ပေါင်းပြီး ကထိန်ခင်း ရှင်ပြုရဟန်းခံ အလှူမင်္ဂလာလေးလုပ်ဖို့ ရည်မှန်းခဲ့ကြတယ်..။ မနှစ်ထဲက ဆရာတော်ကို လှူဖို့လျှောက်ခဲ့ပေမယ့် အလှူရှင်ရှိနေလို့ ဒီနှစ်မှ လှူခွင့်ရတယ်..။ အရမ်းပျော်ပါတယ်… မလှူရသေးပေမယ့် အတွေးနဲ့တင် ပီတိဖြစ်တယ်..။ မန္တလေးမြို့အနီးမှာဆိုတော့ မန္တလေးက မိတ်ဆွေတွေကိုလည်း ဖိတ်ပါတယ်နော်..။” လို့ စိုးပြည့်က ပြောပြထားပါတယ်။ သူမတို့ ညီမနှစ်ယောက်ရဲ့ ကထိန်ခင်း ရဟန်းခံရှင်ပြု အလှူလေးကို အောက်တိုဘာ(၂၀)ရက်နေ့မှာ ပြုလုပ်ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။