ဒီအဖြစ်အပျက်လေးကတော့ ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်မှာ အောက်တိုဘာ ၁၁ ရက်က ရန်ကုန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှာယခုလို ဖမ်းဆည်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။တည်းခိုနေသူအား ရှာဖွေစစ်ဆေးရာမှ လက်ပစ်ဗုံး သိမ်းဆည်းရမိခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါထားပါတယ်။

ဖမ်းစည်းရမိသူူသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၅၈)ရပ်ကွက်ရှိ စိုပြေတည်းခိုခန်း အခန်း (၁ဝ၂) တွင်တည်းခိုခဲ့တာလို့သိရပါတယ်။သတင်းအရ ရဲတပ်ဖွဲ့တွေက ရှောင်တခင် ဝင်စစ်ဆေးရာမှာ တည်းခိုနေတဲ့ စောကျော်လင်းဦး (၃၃-နှစ်)အားယခုလို ဖမ်းစည်းအရေးယူခဲ့တာဖြစ်ပါတယ်။

တရားခံ စောကျော်လင်းဦးအားရှာဖွေစစ်ဆေးစဉ် အနက်ရောင်အိတ်အတွင်းမှ ဓားအိမ်ပါ၊ အရိုးအသွား ၁ဝ လက်မခန့်ရှိ ဓားမြှောင်တချောင်း၊ 81 လက်ပစ်ဗုံးသီး တလုံးနဲ့ ပိုက်ဆံအိတ်ထဲ ထည့်ထားတဲ့ လက်ပစ်ဗုံးသီး စနက်တံ တခု၊ ၃၈ ကျည် လေးတောင့်ပါ သေနတ် ချိုင်းလွယ်အိတ် တခုတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လိုသိရပါတယ်။

သတင်းအရင်းအမြစ်-dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။