သဘင်အသိုင်းဝိုင်းကကြီးပြင်းလာသူဖြစ်တဲ့ သရုပ်ဆောင် စွမ်းဇာနည်ကိုတော့ အနယ်နယ်ရပ်ရပ်ပရိသတ်တိုင်းလိုလို သိကြပါတယ်။

ဇာတ်ကားပေါင်းများစွာရိုက်ကူးထားတဲ့ မင်းသားချော စွမ်းဇာနည် တစ်ယောက် ခရီးထွက်တဲ့ပုံလေးတွေကို မကြာခဏသူ့ရဲ့ လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

လက်တလောဖေ့ဘုတ်မှာ စွမ်းဇာနည် နာမည်နဲ့ အကောင့်တုတွေပေါ်နေတာနဲ့ပတ်သက်ပြီး ပရိသတ်တချို့က အထင်လွဲနေကြပါတယ်။

ဒါ့ကြောင့် စွမ်းဇာနည်အစစ်ထင်ပြီး စကားပြောမိသူတွေလည်း အကောင့်တုတွေကို သတိထားကြဖို့ စွမ်းကိုယ်တိုင် ထုတ်ပြောရတဲ့အထိပါပဲ။

အွန်လိုင်းပေါ်မှာ ဖေ့ဘုတ်သုံးစွဲသူမိန်းကလေးတစ်ဦးက စွမ်းဇာနည်အမည်တူ အကောင့်တု နဲ့ အပြန်အလှန်စကားပြောခဲ့ပြီး စွမ်းကို အထင်လွဲအောင် ရေးသားဝေဖန်တာတွေကို တင်ထားတာဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒါက စွမ်းအစစ်မဟုတ်ပါဘူးတဲ့ ပရိသတ်ကြီးရေ။

“Video Call ပြောတဲ့ညီမလေးတို့ရေ

စွမ်းဇာနည်အစစ်က ဆံပင်အရှည်ကြီးနော်

Swan Zarni Fb အတိုင်းပုံစံတူတွေကို

အကိုတောင်Block ထားရတယ်နော်

သတိထား ......” ဆိုပြီး သူကိုယ်တိုင်လည်း သူ့ပုံနဲ့ သူ့နာမည်ကိုအလွဲသုံးစားလုပ်ထားတဲ့အကောင့်တုတွေကို ဘလော့ထားရတယ်လို့မင်းသားချော စွမ်းက ဆိုပါတယ်။

ပရိသတ်ကြီးလည်း အကောင့်တုတွေကို သတိထားကြပါဦးနော်။  

Source :Swan Zarni fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။