ပြည်သူချစ် သူရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သားညီဟာ လက်ရှိမှာတော့ သရုပ်ဆောင်အလုပ်ကိုနားထားပြီး ဒါရိုက်တာအနေနဲ့ရိုက်ကူးရေးတွေလုပ်နေပါတယ်။

သရုပ်ဆောင်သားညီ လို့ပြောလိုက်လိုက်တဲ့ သားညီရဲ့အကိုဖြစ်သူ တစ်နိုင်ငံလုံးကအားပေးချစ်ခင်ခဲ့ကြတဲ့ ကိုသားကြီး (ခေါ်)သူရုပ်ဆောင် ဒွေး ကိုလွမ်းစွတ်တမ်းတသတိရမိကြမယ်လို့ထင်ပါတယ်။ ဒါရိုက်တာ/သရုပ်ဆောင် သားညီလဲ ပရိသတ်နဲ့ထပ်တူ အကိုနဲ့ရှိခဲ့တဲ့ အမှတ်တရများကိုလွမ်းဆွတ်နေရပါတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က သားညီးတို့ ဇနီးမောင်နှံရဲ့ ၁၁နှစ်ပြည့် မင်္ဂလာအထိမ်းမှတ်နေ့လေးဖြစ်ပါတယ်။ ထူးထူးခြားခြား လွန်ခဲ့တဲ့ ၁၁ နှစ်တာကာလအချိန် အဲ့ဒီနေ့လေးမှာပဲ

''ကျွန်တော်ဇနီးမောင်နှံ၂ယောက်လက်မှတ်ထိုးခဲ့တဲ့နေလေး'''ဖြစ်ပြီး အကိုနဲ့ အမကတော့ ကျွန်တော့်ဘက်က အသိသက်သေတွေပေါ့ဗျာလို့ဆိုပါတယ်။ အမှတ်တရတွေအများကြီးရှိခဲ့နေ့လေးတစ်နေ့ပါ။လက်ထပ်စာချုပ်ရိုက်နေရင်း ကိုသားကြီးနာမည်အရင်းကို ရုတ်တရက်မေ့သွားပါတယ်လို့ဆိုပါတယ်။ပြီးတော့လက်မှတ်ထိုးဖို့ ဖောင်တိန်လဲမေ့လာခဲ့ပြီး တရားသူကြီးကိုကျွေးမွှေးဖို့ဘားမှမစီစဉ်ခဲ့မိလို့ ကိုသားကြီး ဆူတာခံခဲ့ရပါတယ်လိုပြောပါတယ်။ 

လက်မှတ်ထိုးပြီးပြီးချင်းကိုညိုမင်းလွင် Shooting ကိုတန်းပြေးခဲ့ရပါသေးတယ်လို့လဲဆိုပါတယ်။အဲ့ဒီနေ့လေးက ကျွန်တော်နဲ့ အကိုအတွက် အမှတ်တရတွေအများကြီးရှိခဲ့တဲ့နေလေးဖြစ်ပြီ ''အကိုရေလွမ်းလိုက်တာဗျာ

၁၁ နှစ်တောင်ရှိသွားခဲ့ပြီး'' လို့ သားညီ ဟာသူ့ရဲ့ လူမှုကွန်ယက်မှာ သတိရခြင်းများစွာနဲ့ရေးသားထားတာကိုတွေ့ရပါတယ်။အဲ့ဒီနေ့ကရိုက်ခဲ့တဲ့ ကိုသားကြီးတို့ ဇနီးမောင်နှံ၂ယောက်နဲ့ သားညီတို့ ဇနီးမောင်နှံ၂ယောက် တို့ရဲ့မိသားစုဓာတ်ပုံလေးကို ပရိသတ်တွေ ပြန်လည်တမ်းတသတိရမိစေရန်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - Thar Nyi Facebook.

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။