စက်တင်ဘာလမှာ ယှဉ်ပြိုင်ခဲ့တဲ့ US Open ပထမအကျော့ မှာ Fognini ဟာ ပြိုင်ဘက်ကစားသမား Stefano Travaglia ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒိုင်လူကြီး Louise Engzell ကို ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြောဆိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ထိုုဖြစ်ရပ်ုကြောင့် ဒေါ်လာ ၂၄၀၀၀(ပေါင် ၁၈၀၀၀ ) ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး US Open ပြိုင်ပွဲမှာ လည်း ပွဲပယ်ပြစ်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။

Grand Slam အဖွဲ့ချူပ်က Fognini ဟာ ပြိုင်ပွဲမှာ မလုပ်သင့်တဲ့ အမှားမျိုးကျူးလွန်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ Fogninအတွက်အခွင့်အရေးတစ်ခုတော့ ပေးထားခဲ့တာလည်းဖြစ်ပါတယ်။နောက်ပြိုင်မဲ့ Grand Slam Season နှစ်ခုမှာ ခုလိုဖြစ်ရပ်မျိုး ထမပ်မံမကျူးလွန်ခဲ့ရင်တော့ ပြစ်ဒဏ်ကိုလျော့ချပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။Fognini ဟာ အသက် ၃၀ ရှိပြီဖြစ်ပြီး ကမ္ဘာ့အဆင့် ၂၈ မှာ ရှိနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

Fognini ကတော့ "ခုလိုမျိုး ချမှတ်တဲ့ ပြစ်ဒဏ်နဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး စောဒကတတ်စရာမရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။နောက်ပြီး ပြုလုပ်ခဲ့တဲ့ အကြောင်းအရာအတွက်လည်း နောင်တရနေခဲ့ပါတယ်။နောက်ပြိုင်ပွဲတွေမှာ အကောင်းဆုံးယှဉ်ပြိုင်ကစားပြီး ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်တွေလျော့ပေးဖို့ ယုံကြည်ပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။"Fognini ဟာ နောက်လာမဲ့ပြိုင်ပွဲမှာ အပြစ်ကင်းစွာ ကစားနိုင်ခဲ့ရင်တော့ ဒဏ်ငွေရဲ့ တစ်ဝက်ကိုသာပေးဆောင်ရမှာဖြစ်ပြီး US Open မှာ ပြန်လည်ကစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ 

source - bbc sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။