အဆိုတော် ဂျေညီမလေးက သူမရဲ့ မွေးနေ့မှာ အလုပ်သမားဆေးရုံမှာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာ(၁၁)ရက်နေ့ဟာ အဆိုတော် ဂျေညီမလေးရဲ့ မွေးနေ့ရက် ဖြစ်ပါတယ်။ အောက်တိုဘာ(၁၁)ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့မှာ မွေးနေ့အလှူအဖြစ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ (၁၆၂)ကြိမ်မြောက် အလုပ်သမားဆေးရုံကြီး မှာ သောက်ရေသန့်များ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ရေအကျိုးဆယ်ပါး မတောင်းဘဲ ပြည့်ဆိုတဲ့စကားအတိုင်း မွန်မြတ်တဲ့ ရေအလှူကို ပြုလုပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် ဂျေညီမလေးက မွေးနေ့အလှူလေး ပြုလုပ်ခဲ့တဲ့ အကြောင်းကို သူမရဲ့ fb စာမျက်နှာမှာ ဓာတ်ပုံလေးတွေနဲ့ တင်ခဲ့ပါတယ်။ “(၁၆၂)ကြိမ်မြောက် အလုပ်သမားဆေးရုံ.. ယနေ့ ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၁)ရက် သောက်ရေသန့် အလှူရှင် မိဘနှစ်ပါးအား အမှူးထား၍ ဂျေညီမလေး မွေးနေ့အလှူ” ဆိုပြီး သူမရဲ့ fb မှာ တင်ထားပါတယ်။ သူမရဲ့ မွေးနေ့မှာ သူမရဲ့ အစ်ကိုတွေမှလည်း Birthday Wish များ ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ အခြားအနုပညာရှင်များနှင့် ပရိသတ်များလည်း မွေးနေ့ ဆုတောင်းစကားများ ပြောခဲ့ပါတယ်။

သူမရဲ့ fb မှာ " Birthday Wish ကိုကိုအောင် က မနက် ၃နာရီမှာ msg ပို့တယ်..။ ကိုလတ် က မနက် ၁နာရီ မှာ fb က tag တယ်..။ ကိုကိုထွန်းက မနက် ၇နာရီ မှာ ဖုန်းဆက်တယ်၊ ပျော်တယ်......'' ဟု သူမရဲ့ fb စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားပေမယ့်လည်း သူမရဲ့ တေးသီချင်းများက ပရိသတ်များကို အကြိုက်တွေ့စေခဲ့ပါတယ်။ အဆိုတော်ဂျေညီမလေးဟာ တေးသီချင်းကောင်းလေးတွေသီဆိုပြီး ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။