ယခင် အမေရိကန်သမ္မတ ဟောင်း ဘားရက်အိုဘားမား ဟာ နောက်အပတ်ဗာဂျီးနီးယား ပြည်နယ်မှာ ကျင်းပမယ့် ဒီမိုကရက်တစ် ပါတီ ကိုယ်စားလှယ် Ralph Northam အတွက် လူထုစည်းဝေးပွဲမှာ ပါ၀င်မှာ ဖြစ်ကြောင်း the Northam campaign အဖွဲ့က ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကျင်းပမယ့် ဒီလူထုစည်းဝေးပွဲ ဟာ အိမ်ဖြူတော် မှ ထွက်ခွာပြီး နောက်ပိုင်း ပထမဆုံး လူထုစည်းဝေးပွဲလည်းဖြစ်ပါတယ်။

ဒီ လူထုစည်းဝေးပွဲ ဟာ ဒီနှစ်အတွင်း အိုဘားမား ပါ၀င်မယ့် လူထုစည်းဝေးပွဲနှစ်ခုထဲက တစ်ခုလည်းဖြစ်ပါတယ်။ အိုဘားမားဟာ နယူးဂျာစီပြည်နယ် ကိုယ်စားလှယ် Phil Murphy အတွက် လူထုစည်းဝေးပွဲမှာ ပါ၀င်ဖို့လညး် မျှော်လင့်ရပါတယ်။ တိကျတဲ့ ရက်တော့ မသတ်မှတ်ရသေးပါဘူး။

ဒီလို အိုဘားမား ပါ၀င်လာမယ် ဆိုတဲ့ ကြေညာချက်ဟာ ယခင်ဒုသမ္မတ ဟောင်း ဂျိုးဘိုင်ဒင် ပါ၀င်မယ်ဆိုတဲ့ ကြေညာချက်နောက်ပိုင်း ထွက်ပေါ်လာတာပါ။ ရီပတ်ဘလီကန်ဘက်မှာ ောတ့ ယခင်သမ္မတ တွေဖြစ်တဲ့ ဂျော့ဒဘလျူဘုရှ် နဲ့ ဒုသမ္မတ ဖြစ်တဲ့ မိုက်ပန့်စ် တို့ ရီပတ်ဘလီကန်ပါတီ ကိုယ်စားလှယ်များဘက်မှ ပါ၀င်ကြမှာပါ။

Source: NBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။