ကာဂျစ်နဲ့ပွဲကအမှားအတွက်တောင်းပန်တဲ့ဇော်မင်းထွန်း

ကာဂျစ်နဲ့ပွဲမှာမြန်မာအသင်းနောက်တန်းခံစစ်မှူးဇော်မင်းထွန်း

အမှားတစ်ခုလုပ်ခဲ့ပါတယ်။ကာဂျစ်ရှေ့တန်းလူဗစ်တာမိုင်ရာ

18ကိုက်စည်းထဲတဟုန်ထိုးပြေးဝင်လာတော့ရှေ့ကနေတားဆီးရမယ့်အစားနောက်ကျောကြီးပေးပြီးသွားလုခဲ့တာပါပဲ။

မြန်မာအသင်းပထမဂိုးကိုတော့သီဟစည်သူရဲ့အမှားကနေပေး

လိုက်ရပါတယ်။ဒုတိယဂိုးကိုတော့ဇော်မင်းထွန်းရဲ့အမှားကနေ

ပေးလိုက်ရပါတယ်။

သီဟစည်သူဟာထိုင်းနဲ့ပွဲမှာအလားတူအမှားမျိုးကျူးလွန်ခဲ့ပြီး

ကာဂျစ်နဲ့ပွဲမှာထပ်မှားပြန်ပါတယ်။ထိုင်းနဲ့ပွဲတုန်းကပယ်နယ်တီပေးလိုက်ရပြီးရှုံးခဲ့ပါတယ်။ဒီပွဲမှာလည်းသူ့အနေနဲ့ဘောလုံးထွက်ဆွဲဖို့နောက်ကျနေတဲ့

အနေအထားမျိုးဖြစ်နေခဲ့ပြီးတကယ်တမ်းထွက်ဆွဲတဲ့အခါ

လည်းနောက်ကျသွားပြီးFoulပုံစံဖြစ်ကာပယ်နယ်တီ

ပေးလိုက်ရပါတယ်။ဒါကပထမဂိုးပါ။ဒုတိယဂိုးဟာ

ဇော်မင်းထွန်းအမှားဆိုပေမယ့်ဝင်းမင်းထွတ်မှာလည်း

တာဝန်ရှိပါတယ်။ဒါပေမယ့်ဒီအမှားတွေဟာဘောလုံးပွဲတွေ

မှာဖြစ်တတ်တဲ့ပုံမျိုးပါ။

အဓိကကအမှားတွေကိုပြင်ပြီးနောက်ပွဲတွေမမှားဖို့ပါပဲ။

ဇော်မင်းထွန်းကတော့ကာဂျစ်နဲ့ပွဲကပေးလိုက်ရတဲ့ဂိုးဟာ

သူ့မှာတာဝန်ရှိပြီးပရိသတ်ကြီးငိုတောင်းပန်ပါတယ်တဲ့။

နောက်ပွဲတွေမှာအခုလိုအမှားမျိုးမဖြစ်အောင်ပိုကြိုး

စားပေးပါ့မယိတဲ့။ပရိသတ်ကြီးရေဇော်မင်းထွန်းကိုခွင့်လွတ်

မယ်မဟုတ်လား။အမှားကိုသိပြီးအမှန်ပြင်မယ့်

သူ့ကိုကြိုဆိုကြရအောင်ပါ။

Source-Zaw Min Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။