မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်းမော်တော်ယာဉ်ဝင်ရောက်မှု မှာ ယခင်နှစ်တွေကထက် ပိုမိုများပြားလာတာကိုတွေ့ရပါတယ်။မော်တော်ယာဉ်ဝင်ရောက်မှုများပြားလာတာတဲ့အမျှ မော်တော်ယာဉ် လိုင်စင်သက်တမ်းဖြေဆိုသူများလဲများပြားလာတာကိုတွေ့ရပါတယ်။မော်တော်ယာဉ်လိုင်စင်ဖြေဆိုသူများတွင် အဆင်မပြေမှုအခက်ခဲများလဲရှိနေတယ်လို့လဲသိရပါတယ်။မြန်မာနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနမှလဲလိုင်စင်ဖြေဆိုမယ့် ပြည်သူများအဆင်ပြေရန်ကြိုးစားဆောင်ရွှက်လျက်ရှိတယ်လို့သိရပါတယ်။

အောက်တိုဘာ (၁)ရက်နေ့ မှစတင် ၍ မော်တော်ယာဉ်လိုင်စင်ဖြေဆိုမယ့်သူများ အဆင်ပြေလွယ်ကူစေရန် အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းရယူ မှု စတင်ဆောင်ရွက် နိုင်မယ်လို့ မြန်မာနိုင်ငံ၊ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပိုဆောငရေးညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမော်တော်ယာဉ်လိုင်စင်ဖြေဆိုမည့်သူများအနေနဲ့ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရသဖြင့် အချိန်ကုန်ခြင်း၊လူပင်ပန်းခြင်း၊စိတ်ပင်ပန်းခြင်း စတဲ့အခက်အခဲများလျော့နည်းသွားစေရန် လူကိုယ်တိုင်လာရောက်ရန်မလိုအပ်တော့ပဲ လိုင်စင်ဖြေဆိုမယ့် နေ့ရက်ကိုပဲ ကြိုတင်စားရင်းသွင်းခြင်းစနစ်(Online Booking System) ကို (၁.၁၀.၂၀၁၇) ရက်နေ့မှစတင်၍ပြောင်းလဲကျင့်သုံးသွားမယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပိုဆောငရေးညွှန်ကြားမှုဦးစီးဌာန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။