နိုင်ငံပွဲတွေကစားခဲ့ပြီးနောက် ကစားသမားအများစုဟာ သက်ဆိုင်ရာကလပ်တွေဆီပြန်လည်ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။မန်ယူအသင်းရဲ့ကစားသမားတွေကလည်း လီဗာပူလ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရန်အတွက် ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ကြပြီလည်းဖြစ်ပါတယ်။ဒဏ်ရာကနေပြန်လည်သက်သာလာခဲ့ပြီဖြစ်တဲ့ အီဗရာဟီမိုဗစ် ကလည်း လေ့ကျင်ရေးကွင်းကို လာရောက်ခဲ့တာလည်းတွေ့ရပါတယ်။ 

အီဗရာဟီမိုဗစ်ရဲ့ပရိတ်သတ်တွေကတော့ ကာရင်တန်ကွင်းမှာလာရောက်ပြီး ကြိုဆိုအားပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါ့အပြင် လူကာကူ၊ ဒီဂီယာ၊ မာတာ၊ ဟာရဲရား၊ ဗလင်စီယာတို့ဟာလည်း လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

မန်ယူနည်းပြမော်ရင်ဟိုကတော့ လီဗာပူလ်းအသင်းနဲ့ မနက်ဖြန်ယှဉ်ပြိုင်ကစားဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေခဲ့ပြီလည်းဖြစ်ပါတယ်။မနက်ဖြန် လီဗာပူလ်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားမဲ့ မန်ယူအသင်းကတော့ ဘယ်လိုရလဒ်တွေထွက်ပေါ်လာအုံးမှာလဲဆိုတာတော့ စောင့်ကြည့်သွားရတော့မယ်ဗျာ

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။