ကိုယ့်ကြမ္မာကိုယ်ဖန်တီးမယ့်ရှမ်း

မြန်မာနေရှင်နယ်လိဂ်ရဲ့ပထမဆုံးချန်ပီယံဖြစ်လာဖို့အတွက်

တောင်ပေါ်သားတို့မျှော်လင့်နေကြပါတယ်။ကမ္ဘောဇဌာနီက

ရှမ်းအသင်းဟာလက်ရှိအမှတ်ပေးဇယားမှာလည်းထိပ်ဆုံးက

ရပ်တည်နေပါတယ်။ဒါပေမယ့်ရှမ်းအသင်းရဲ့ချန်ပီယံမျှော်လင့်

ချက်ကိုတားဆီးနေတဲံ့အဓိကအခက်အခဲနှစ်ခုရှိပါတယ်။

အဲ့ဒီအရာနှစ်ခုကရှမ်းအသင်းရဲ့နောက်ကကပ်လိုက်နေတဲ့

ချန်ပီယံဟောင်းရန်ကုန်အသင်းရယ်ရှမ်းအသင်းကန်ရမယ့်

ပွဲကြပ်တွေရယ်ပါပဲ၊၊

ရှမ်းအသင်းဟာနေရှင်နယ်လိဂ်ကုန်ဆုံးဖို့သိပ်မလိုတော့တဲ့အချိန်မှာပွဲကြပ်တွေဆက်တိုက်ကစားနေရပါတယ်။ရန်ကုန်၊ရခိုင်

စတဲ့အသင်းတွေနဲ့ဆက်တိုက်ကစားလာခဲ့ပြီးအခုလည်း

မကွေးအသင်းနဲ့ရင်ဆိုင်ရပြန်ပါပြီ။မကွေးအသင်းဟာ

ရှမ်းအသင်းနဲ့ဗိုလ်ချုပ်ဒိုင်းကွာတားဖိုင်နယ်မှာတွေ့ဆုံခဲ့ပြီး

ရှုံးနိမ့်ခဲ့ပါတယ်။ဒွေးကိုကိုချစ်ရဲ့အသဲကွဲဂိုးဟာ

မကွေးအသင်းရဲ့ဗိုလ်ချုပ်ဒိုင်းချန်ပီယံဆုကာကွယ်

ရေးမျှော်လင့်ချက်ကိုရိုက်ချိုးခဲ့ပါတယ်။ဒါကြောင့်

မကွေးဟာရှမ်းနဲ့ပြန်အတွေ့ဖလားပွဲကအရှုံးအတွက်

လက်စားပြန်ချေဖို့ကြိုးစားလာပါလိမ့်မယ်။

လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ကျော်ဇင်လွင်၊နန္ဒကျော်စတဲ့ကစားသမားတွေပါဝင်နေတဲ့မကွေးဟာ

ရှမ်းအသင်းအတွက်ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာမှာပါ။

ရှမ်းအသင်းအတွက်အားသာချက်ကမကွေးကိုတောင်ကြီး

ကွင်းမှာကစားရမှာပဲဖြစ်ပါတယ်။အားနည်းချက်ကတော့

ရှမ်းကစားသမားတွေဖြစ်တဲ့သီဟစည်သူ၊ဝင်းမင်းထွတ်၊

ရန်နိုင်ဦး၊တင်ဝင်းအောင်တို့နိုင်ငံပွဲအတွက်ကစားထားရလို့

ပွဲပန်းနေနိုင်တာပါပဲ။ဒါပေမယ့်ကိုယ့်ကြမ္မာကိုယ်

ဖန်တီးဖို့ရှိနေတဲ့ရှမ်းဟာတောင်ကြီးကွင်းမှာတော့

မာကျောတဲ့ပြိုင်ဘက်မကွေးကိုသူတို့ရဲ့ပထမဆုံးချန်ပီယံ

မျှော်လင့်ချက်အတွက်အနိုင်ကစားသွားပါလိမ့်မယ်။

ရှမ်းနဲ့မကွေးတို့ရဲ့ပွဲကိုမနက်ဖြန်ညနေ3:30မှာကျင်းပသွား

မှာပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။