ခုချိန်ထိပရိတ်သတ်အသည်းစွဲကတော့ အကယ်ဒမီရွှေစင်ရုပ်ထု ခြောက်ဆုထိ ပိုင်ဆိုင် ထားတဲ့ ကိုရန်လေး (ခ) ရန်အောင်ပဲဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်လောက်ကစပြီး ယခု ၂၀၁၇ အထိ ရုပ်ရှင်တွေ မပြတ်ရိုက်လာပြီး ပရိတ်သတ်ကိုဖျော်ဖြေနေတာပဲဖြစ်ပါတယ်။ ကိုရန်လေး ဆိုတာက သူ့ခေတ်သူ့အခါက ရုပ်ချောချောနဲ့ Star တစ်ယောက်ပေါ့။ ခုချိန်ထိလဲ ခန့်ညားပြီး ဆွဲဆောင်မှုရှိနေတုန်းပါပဲ။

၁၉၈၆ ဝန်းကျင်လောက်ကရိုက်ကူးခဲ့တဲ့ “ အချစ်ချင်းတူရင်မောင်မောင်အရှုံးပေးလိုက်မယ်” ဆိုတဲ့ဇာတ်ကားကို ခိုင်ခင်ဦး၊ တင်နီလာဝင်းတို့နဲ့တွဲဖက်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဇာတ်ကားတွေဆက်တိုက်ဆိုသလို ထွက်ရှိလာခဲ့ပါတယ်။ ၁၉၈၇ မှာ “ သူ့ခြေသူ့လက် သူ့မျက်ဝန်း ” “ ခြိမ်း၍မရွာသောမိုး ” “ ပန်းရိုင်း ” “ နွေဦးရောက်ပြီ ကိုကို ” “ ကို့ကိုချစ်လို့ ” အစရှိသ၍ ဇာတ်ကားတွေများစွာရိုက်ကူးခဲ့ပါတယ်။ 80 Born လူကြီးတွေကြားမှာတော့ အရမ်းကိုရေပန်းစားခဲ့တာပေါ့။ ၁၉၉၀ နောက်ပိုင်းတွေမှာလဲ “ ရှိန်းသူ ” “ ချစ်မွှေး” "မယ်သီတာလိုမိန်းကလေး ”အစရှိတဲ့ဇာတ်ကားတွေကို မို့မို့မြင့်အောင်နဲ့တွဲဖက် သရုပ်ဆောင်ခဲ့ပြီး 90 Born တွေကြားကိုလဲ ဆက်လက်ပြီးဆွဲဆောင်နိုင်ခဲ့သူပေါ့။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာလဲ “ မောဟမျဉ်းပြိုင်များ ” ဇာတ်ကားကို ထက်ထက်မိုးဦးနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပြီး “ အချစ်ကိုမွေးဖွားခြင်း ” “ ကောင်းကင်ထက်က ပန်းတစ်ပွင့် ” “ ငါ သူတစ်ပါး ယောကျာ်း မိန်းမ ” စတဲ့ဇာတ်ကားတွေကို ထွန်းအိန္ဒြာဗိုလ် ၊ စိုးမြတ်သူဇာ ၊ အိန္ဒြာကျော်ဇင် စတဲ့နာမည်ကျော်မင်းသမီးတွေနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှု တွေလဲအများကြီးရရှိခဲ့တဲ့ လျှမ်းလျှမ်းတောက် သရုပ်ဆောင်တစ်ဦးလဲဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း Video ဇာတ်ကားတွေထဲမှာလဲ မြင့်မြတ်နဲ့အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ “ ဆွဲစားမယ် ” ဆိုတဲ့ဇာတ်ကားဟာလဲ ပရိတ်သတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။