အနုပညာအလုပ်တွေမလုပ်တော့တာကြာပြီဖြစ်တဲ့ အဆိုတော် သရုပ်ဆောင် သဇင်ကတော့ သူမရဲ့ အမည်နဲ့ပုံကို အလွဲသုံးစားယူသုံးထားတဲ့ ဖေ့ဘုတ်အကောင့်တုကြောင့် ဖြေရှင်းလိုက်ပါတယ်။

ဖြစ်ကြောင်းကုန်စင်ကတော့ သူမရဲ့ အမည်တူဖေ့ဘုတ်ပေ့ချ် တစ်ခုကနေ Iphone 8 မဲဖောက်ပေးမယ်ဆိုပြီး လိမ်လည်ရေးသားထားတဲ့စာတွေကြောင့် တချို့ကတော့ သဇင်ကိုယ်တိုင်သုံးတာဆိုပြီး ရှဲတဲ့သူကရှဲထားကြပါတယ်။

ဒါ့ကြောင့် သဇင်ကတော့ အဖြစ်မှန်သိအောင် အခုလို အသိပေးပြောပြထားပါတယ်။

“Plz share and post on u fb wall

လာလာ မေးနေကြလို့ ပါ နော် ။ အမ page လုံးဝ မဟုတ်ပါဘူး ။ ဘာသဘောနဲ့ လုပ်နေကြတယ် ဆိုတာ တကယ် နားမလည်ပါဘူး ။ အမ makeup bythazin page တခုပဲ အမ ကိုယ်တိုင် သုံးပါတယ် ။ iPhone 8 ? ကိုယ့်ဘာသာတောင် မဝယ်ရသေးဘူး ? ? ?

အမ အပေါ် ယနေ့ အချိန်ထိ တကယ် ချစ် ၊ တကယ် အားပေးနေတဲ့ သူတွေ အတွက် ပြောပြ တာပါ ။ လိမ်တာ မျိုး မဖြစ်စေချင်ဘူး ။

#makeupbythazinpage page

#privateacc (အလုပ်ကိစ္စ ကျောင်းကိစ္စများသာသုံးပါသည် )

#Thazin (အမ နှင့် အမ ကို ချစ်သော we love )

ဒီ (၃) ခုသည် အမ ကိုယ်တိုင် သုံးသော Acc များဖြစ်ပါသည် ။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ? ??”” 

Source: Thazin page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။