ဆားဝက်ခြံဟာ လူလတ်ပိုင်းနဲ့လူကြီးတော်တော်များများမှာ ရှိကြမမယ်ထင်ပါတယ်။ဒီလိုဆားဝက်ခြံတွေထွက်လာပြီဆိုရင်တော့ တချို့ဟာ မိမိလက်နဲ့ဖိပြီးထုတ်တတ်ပါတယ်။ဒါဟာကောင်းမွန်တဲ့နည်းလမ်းမဟုတ်ပါဘူး။နာခေါင်းကိုနာစေတဲ့အပြင် အကုန်စင်ကျယ်သွားခြင်းမရှိပါဘူး။

Vaseline အဆီကို စာဖတ်သူတို့သိကြမယ်ထင်ပါတယ်။ အလှကုန်ရောင်းတဲ့ ဆို်င်တွေမှာ ရရှိနိုင်ပြီး ဘက်စုံအသုံးဝင်ပါတယ်။ အဲဒါလေးနဲ့ နာကျင်မှုမရှိဘဲ ဆားဝက်ခြံကို ဖယ်ရှားလိုက်ရအောင်နော်

ပါ၀င်ပစ္စည်း

ပလတ်စတစ်အသန့် ၁ ခု

သစ်ရှုးစက္ကူ

အဝတ်စ အသေး ၂ ခု

Vaseline

ဘယ်လိုသုံးမလဲ

အရင်ဆုံး မျက်နှာသစ်လိုက်ပါ။ ပြီးရင် Vaseline ကို ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။

ပြီးရင် ပလတ်စတစ်ကို စောစောက Vaseline လိမ်းထားတဲ့နားမှာ အုပ်ပေးပါ။ အဝတ်စကို ရေနွေးစိမ်ပြီး ရေကိုညှစ်ထုတ်လိုက်ပါ။ ပြီးရင် ပလတ်စတစ်အုပ်ထားတဲ့နားမှာ ၅ မိနစ်လောက် အုပ်ထားပေးပါ။

ပြီးရင် ပလတ်စတစ်နဲ့ အဝတ်စနှစ်ခုကို ဖယ်လိုက်ပြီး သစ်ရှုးစနှစ်ခုနဲ့ ဖိကာ လက်ညိုးနှစ်ခုနဲ့ ဖိပြီးညှစ်ပေးပါ။ ဆားဝက်ခြံအလွယ်တကူထွက်သွားမှာဖြစ်ပါတယ်။ အိပ်ယာမဝင်ခင်မှာလုပ်ပေးပါ။ အညစ်အကြေးတွေ ကင်းစင်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ချွေးပေါက်တွေပြန်ပိတ်ဖို့ ရေခဲရေ (သို့) ရေအေးအေးလေးနဲ့ ဆေးချပါ။ မျက်နှာသစ်ပါ။ ပြီးရင်တော့ Moisturiser တစ်ခုခုလိမ်းလိုက်ပါ။

သတင်းအရင်းအမြစ် - my style 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။