ဆိုရှယ်မီဒီယာတွေခေတ်စားလာတာနဲ့အမျှ အနုပညာရှင်ဆယ်လီတွေနဲ့ ပရိသတ်တွေကြားက Relationship က ပိုပြီးရင်းနှီးလာကြပါတယ်။ အနုပညာရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာမိသားစုအကြောင်းအရာလေးတွေကိုလည်း လူမှုကွန်ရက်ကနေတစ်ဆင့် ပွင့်လင်းမြင်သာစွာ တွေ့လာရပါတယ်။

အနုပညာလောကမှာတော့ ရုပ်ရှင်မင်းသားမင်းသမီးတွေအနေနဲ့ သူတို့အလုပ်ပေါ် နားလည်မှုမပေးနိုင်တဲ့သူမျိုးနဲ့ဆုံရတဲ့အခါ သဘောထားမတိုက်ဆိုင်လလမ်းခွဲခဲ့ရသူတွေရှိပါတယ်။

အဲ့ဒီထဲမှာမှ အဖေနေရာရော အမေနေရာမှာ သားသမီးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့ အနုပညာရှင်တွေရှိကြပါတယ်။ Single Mother အဖြစ်ရပ်တည်ပြီး နုပျိုလှပနေသေးတဲ့ မင်းသမီးချောတွေရှိကြပါသေးတယ်။ ပရိသတ်အချစ်တော် မင်းသမီး လင်းဇာနည်ဇော် ၊ ခင်ဇာခြည်ကျော် ၊ စိုးမြတ်နန္ဒာ ၊ မေကဗျာ တို့ပဲဖြစ်ပါတယ်။

တစ်ချိန်က ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့မင်းသမီးတွေဖြစ်သလို ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေရရှိထားတဲ့သူတွေဖြစ်ပါတယ်။

အိမ်ထောင်ရေးကံမကောင်းခဲ့ပေမယ့် သူမတို့အစွမ်းစနဲ့ သားသမီးတွေကို ပျော်ရွှင်အောင်ထားနိုင်တာကတော့ ချီးကျူးစရာပါပဲ။.

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။