စက်တင်ဘာလအတွင်း က သီလရှင်ဝတ်ခဲ့တဲ့ မင်းသမီးချောလေး သွန်းဆက်ကတော့ သူမကို လှောင်ပြောင်ဝေဖန်သူတစ်စုကြောင့် စိတ်မကောင်းဖြစ်နေရတယ်လို့ ရင်ဖွင့်လိုက်ပါတယ်။

ပင်လယ်လုပွဲဇာတ်ကားကြီးရိုက်ဖို့ ချောင်းသာကမ်းခြေကို ရောက်ရှိနေတဲ့ သရုပ်ဆောင် သွန်းဆက်ဟာ သီလရှင်ဝတ်ထားတဲ့ ကတုံးဆံပင်ပေါက်ကြောင့် ဆံပင်တုတပ်ပြီး ရုပ်ရှင်ရိုက်နေရတာဖြစ်ပါတယ်။

ကတုံးလေးနဲ့ချစ်ဖို့ကောင်းတဲ့ သူမကို ပရိသတ်တော်တော်များများက ချီးကျူးစကားဆိုကြပေမယ့် ဆံပင်တုပြီး သွားလာနေတာကို အပြစ်ပြောချင်တဲ့သူတွေကြောင့် အခုလို ရင်ဖွင့်စကားပြောထားပါတယ်။

""အော် တချို့ လူတွေ လူတွေ ......... ဆံပင်အတုစွပ်ထားတာပဲ အပြစ်လိုလို......

ကျမတို့ အနုပညာရှင်တွေက ဂတုံးတုံး မှ ဆံပင်အတုစွပ်တာမဟုတ်ပါဖူးရှင် ..... အရင်လဲ တချို့ကာရိုက်တာတွေဆို ဆံပင်အတုလေးနဲ့ရိုက်ရမယ့်အခန်းဆိုရင်ခဏခဏ ရိုက်ရပါတယ်.... အခု ဟာကအပြင်မှာ တွေ့လိုက်တိုင်း ပုံလေးတွေတင်လိုက်တိုင်း "ဂတုံးမ သွန်းဆက် " တို့ ဆံပင်အတုကိုဆွဲချွတ် ပစ်လိုက်မယ်တို့ ဆံပင်အတုကြီးနဲ့သွန်းဆက်တို့့ အမျိုးစုံ လူရှေ့သူရှေ့လူပုံအလယ်လဲမရှောင်ဘာလို့ပြောချင်ကြတာလဲဟင်...ကိုယ်ချင်းစာကြပေါ့... 

တခါတလေမဟုတ်အမြဲအပြောခံရတော့ စိတ်မကောင်းဖြစ်လာပီ... စိတ်လဲဆိုးလာပီ.... သာသနာ့ ဂတုံးကို လာလာပီးပဲပုတ်ခတ်ကြတယ်... ကိုယ်တွေမလုပ်နိုင်ရင်လဲ မုဒိသာပွားပေါ့ရှင်??? တယောက်တည်းကိုရည်စူးပီးပြောတာမဟုတ်ပါ... ကိုယ့်ရဲ့fan မဟုတ်တဲ့သူတွေရော... ကိုယ့်ရဲ့မိတ်ဆွေတွေကိုရော ကိုယ့်ရဲ့သယ်ရင်းတွေရောပြောခြင်းဖြစ်ပါသည် ??????""

ကျရာဇာတ်ရုပ်ပြီ့ပင်အောင်သရုပ်ဆောင်နိုင်ပြီး အနုပညာလှုပ်ရှားမှုတွေဆက်တိုက်ဖြစ်နေတဲ့ သွန်းဆက်ဟာ ပရိသတ်အခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို အားပေးစကားပြောလိုက်ပါဦးပရိသတ်ကြီးရေး  

Source : Thunsett fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။