ယနေ့ည ၈း၃၀ မှာ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ စတုတ်စီတီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။မန်စီတီးအသင်းဟာ မန်ယူအသင်းနဲ့ အမှတ်တူညီနေပြီး ဂိုးကွာခြားချက်ကြောင့် ဇယားထိပ်ဆုံးမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ အစောဆုံးပွဲစဉ်အဖြစ် လီဗာပူလ်းအိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်တာကြောင့် မန်စီးတီးအသင်းကတော့ အခွင့်ရေးအနေနဲ့ စတုတ်စီးတီးကို အနိုင်ကန်သွားရမှာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ငါးပွဲလုံး ရာနူန်းပြည့် နိုင်ပွဲရရှိထားခဲ့တာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ သုံးပွဲရံှူး တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းရဲ့ ခြေစွမ်းမတည်ငြိမ်မှုတွေက မန်စီးတီးအသင်းရဲ့ တိုက်စစ်ကို ထိန်းချူပ်ဖို့ အတွက် ခက်ခဲမှာတော့ အသေအချာပါပဲ။ 

မန်စီးတီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဂါဘရီရယ် ဂျီဆပ်၊ ဆေးဗာလ်း၊ ဒီဘရူနီ၊ ဖာနန်ဒင်ဟို၊ စတာလင်း၊ ဘာနန်ဒိုဆေးဗာလ်း တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ချူပိူမိုတင်း၊ ဂျေစီရိုဒရီဂွတ်၊ ရှာကွီရီ၊ အလန်း၊ ဒီအော့ ၊ဖလက်ချာ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ တိုက်စစ်ကို အဝေးကွင်းအားနည်းတဲ့ စတုတ်စီးတီးအသင်းဟာ ပွဲချိန်ပြည့်ထိန်းထားနိုင်ဖို့မလွယ်ကူလှပါဘူး။အခွင့်အရေးကိုအကောင်းဆုံးအသုံးချသွားဖို့ရှိနေတဲ့ မန်စီးတီး အနိုင်သေချာပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။