ယနေ့ည ၉း၃၀ မှာယှဉ်ပြိုင်ကစားမဲ့ ပြင်သစ်လိဂ်ဂူးပွဲစဉ်မှာ ဒီဂျွန်အသင်းဟာ PSG အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းဟာ လိုင်ယွန်အသင်းနဲ့ မနက်က ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ၃ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် PSG အသင်းဟာ ဒီနေ့ပွဲမှာ အနိုင်ရရင် အနီးကပ်ပြိုင်ဘက်ဖြစ်တဲ့ မိုနာကိုအသင်းကို ၆ မှတ်ဖြတ်ထားနိုင်တော့မှာလည်းဖြစ်ပါတယ်။ဒီဂျွန်အသင်းကတော့ ၆ မှတ်သာ ရရှိထားပြီး အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဒီဂျွန်အသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ သုံးပွဲရှုံး ၂ ပွဲသရေ ရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပြီး နိုင်ပွဲမရရှိထားတာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ လေးပွဲနိုင် တစ်ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။နေမာ၊အမ်ဘတ်ပီ တိုက်စစ်တွဲကို ပွဲချိန်ပြည့် ပိတ်ဆို့ကစားဖို့ ဒီဂျွန်အသင်း မစွမ်ဆောင်နိုင်လောက်ပါဘူး။

ဒီဂျွန်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဝီဆလေ ဆာဒ့်၊ ဂျင်းနော့၊ စလစ်တီ၊ ဇီကာ၊ မာရီရာ၊ အမန်ဖီတာနို တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ နေမာ၊ အမ်ဘတ်ပီ၊ ဒရက်ဇလာ၊ ရာဘီယော့၊ လူးကပ်မော်ရာ၊ ဒီမာရီယာ၊ တို့ကို အသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ကာဗာနီကတော့ ဒီနေ့ပွဲမှာ ပါဝင်သွားမှာမဟုတ်ဘူးလို့ သတင်းတွေကဆိုထားပါတယ်။ဒီပွဲကတော့ PSG အသင်းရဲ့ အနိုင်ကသေချာနေပြီး ဂိုးပြတ်ပွဲတစ်ပွဲ ဖန်တီးဦးမလားဆိုတာကိုတော့ ပဲစောင့်ကြည့်သွားရမယ်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။