အောက်တိုဘာ( ၁၄)ရက် မနေ့ကမနက် ၁၀နာရီ ဝန်းကျင်ခန့်တွင် တာချီလိတ်မြို့ ,ဝိန်းကျောက်ရပ်ကွက် လပ်ကီးဟိုတယ်ရှေ့လမ်းမကြီးပေါ်မှာ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဆိုပါ သေနတ်ပစ်မှုတွင် လူတစ်ဦး ဘယ်ဘက်လက်မောင်းတစ်ချက်,ဘယ်ဘက်ပါးတစ်ချက် သေနတ်ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သိရပါတယ်။  တခြားထိခိုက်ဒဏ်ရာရရှိသူနဲ့သေဆုံးသူမရှိကြောင်း့သိရပါတယ်။

သေနတ်သမားသည်ဆိုင်ကယ်ပေါ်မှ ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြစ်ခံရသူရဲ့ ကားမှာဟန်ချက်ပျက်ကာ လမ်းဘေးအုတ်နံရံကိုဝင်တိုက်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါပစ်ခတ်ခံရသူ ယာဉ်မောင်းအား တာချီလိတ်နာရေးကူညီမှုအသင်း မှတာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့အရေးပေါ်အသက်ကယ်ဆယ်နိုင်ရန်အမြန်ဆုံးပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ တာချီလိတ်မြို့ပြည်သူ့ဆေးရုံတွင် တာဝန်ကျဆရာဝန်များမှအရေးပေါ်ဆောင်ရွက်ပေးခဲ့ပြီးသေနတ်ပစ်ခတ်ခံရသူရဲ့ အသက်ကိုကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။သေနတ်သမားကဘာကြောင့်ပတ်ခတ်ခဲ့တယ်ဆိုတာကိုလဲ တာချီလိတ်ရဲတပ်ဖွဲ့ကစုံစမ်းဖော်ထုတ်နေတယ်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - တာချီလိတ်မြို့နာရေးကူညီမှုအသင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။