ထိုင်းလိဂ်ကိုအတုယူတော့မှာလားမြန်မာနေရှင်နယ်လိဂ်


ထိုင်းပရီးမီးယားလိဂ်ဟာအာဆီယံဒေသတွင်းလိဂ်

ပြိုင်ပွဲတွေမှာအင်အားအကောင်းဆုံး၊အအောင်မြင်ဆုံး

ပါ။အရင်ကဗီယက်နမ်V-Leagueကအအောင်မြင်ဆုံး

ဖြစ်ခဲ့ပေမယ့်အခုအချိန်မှာတော့ထိုင်းလိဂ်ကကျော်တက်သွား

ပါပြီ။ထိုင်းနည်းပြကိုင်တီဆက်တောင်V-Leagueမှာသွား

ကစားရဖူးပါတယ်။ဒါပေမယ့်ထိုင်းဘောလုံးအဖွဲ့ချုပ်ရဲ့

စည်းစနစ်ကျလှတဲ့စီမံခန့်ခွဲမှုတွေ၊ပြောင်မြောက်လှတဲ့

မားကတ်တင်းနည်းစနစ်တွေနဲ့အတူအားလုံးကိုကျော်ဖြတ်

ပြခဲ့ပါတယ်။

ထိုင်းတို့အောင်မြင်နေချိန်မြန်မာတို့ရဲ့နေရှင်နယ်လိဂ်ကတော့

ဂငယ်ကွေ့ပြန်ကွေ့နေတယ်ပြောရမှာပါပဲ၊MNLစတင်ချိန်က

ကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြသောပရိသတ်များကား

အခုအခါမှာတော့အနည်းအကျဉ်းသာလာရောက်

ကြည့်ရှု ့ကြတော့တယ်။အနီးစပ်ဆုံးဥပမာပြရရင်

မြန်မာပြည်ရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးရန်ကုန်နဲ့ရတနာပုံပွဲတွင်ပရိသတ်ကားကျီးနှင့်ဖုတ်ဖုတ်။ထိုင်းလိဂ်ကိုလှမ်းမျှော်ကြည့်လိုက်ပြီးခဲ့တဲ့အပါတ်ကလိဂ်ဖလား

ပွဲမြောင်တောင်နဲ့ဘူရီယမ်။ကွင်းကပြည့်ရုံမကလျှံတောင်ထွက်

နေသေးပါတယ်။


အခုမြန်မာတို့ထိုင်းကိုအတုယူကြတော့မည်။မြန်မာနိုင်ငံ

ဘောလုံးအဖွဲ့ချုပ်CEOဦးဖုန်းနိုင်ဇော်တို့အဖွဲ့မြောင်တောင်အသင်း

ကွင်းဖြစ်သောSCGကွင်းကြီးကိုသွားရောက်လေ့လာခဲ့ကြတယ်။ထို့ပြင်ဘန်ကောက်ကလပ်အသင်း၊တယ်ရိုဆာစနာ

အသင်းစတဲ့ထိုင်းနာမည်ကြီးကလပ်များကိုလည်းသွားရောက်လေ့လာခဲ့သေးသည်။ဘုရားလည်းဖူးလိပ်ဥလည်းတူး

ဆိုသလိုဘန်ကောက်တွင်ကျင်းပတော့ဘောလုံးမားကတ်

တင်းworkshopတစ်ခုလည်းတက်ရောက်ခဲ့ကြသေးသည်။

မြန်မာနေရှင်နယ်လိဂ်ကြီးထိုင်းလိဂ်လိုအောင်

မြင်လာမလားဆိုတာဆက်လက်စောင့်ကြည့်ကြပါစို့။

Source-Zaw Min Htike

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။