အသက် ၂၂နှစ်အရွယ်ရှိ ဂျက်စတင်ဟာ သူ့ရဲ့ လေးခုမြောက်Albumဖြစ်တဲ့ Purpose ထွက်ရှိအပြီးမှာတော့ အောင်မြင်မှုတွေနဲ့အတူ Guinness World Records 2017 Edition Book မှာ ဂင်းနစ်စံချိန်အသစ်ရှစ်ခု ဆက်တိုက်နဲ့ ဖော်ပြခံခဲ့ရပါတယ်။

ပါဝင်ခဲ့တဲ့စံချိန်တွေကတော့

၁) Spotify ဝက်ဘ်ဆိုက်မှာ မှာ "What do you mean" သီချင်းက ရရက်အတွင်းမှာ အကြိမ်ရေပေါင်း ၃၀,၇၂၃,၇၀၈ နားထောင်ခံရတဲ့စံချိန်နဲ့ အကျော်ကြားဆုံးသီချင်းတစ်ပုဒ် ဖြစ်လာခဲ့တဲ့စံချိန်

၂) What do u mean အောင်မြင်ပြီးနောက် Purpose Albumကလဲ အရောင်းရဆုံး Albumဖြစ်ခဲ့ပြီး ၂၀၅သန်းကျော်နဲ့ USAမှာ စံချန်တင်ခဲ့ပြီး Billboard 200မှာ နံပါတ်တစ်ချိတ်ခဲ့တဲ့စံချိန်

၃) US Singles Chartမှာ အကျော်ကြားဆုံးသီချင်းတွေပဲ ဆက်တိုက်နေရာယူနိုင်ခဲ့တဲ့ စံချိန်

၄) တစ်ကိုယ်တော်အဆိုတော်တစ်ယောက်အနေနဲ့ Hot 100စာရင်းမှာ သီချင်းတွေ ဆက်တိုက်ဖော်ပြခံရတဲ့ စံချိန်

၅) January 14, 2016 မှာ သူ့ရဲ့သီချင်းဖြစ်တဲ့ Love yourself, Sorryနဲ့ What do you meanတို့က နံပါတ် ၁, ၂, ၃ နေရာကို ဆက်တိုက်ယူနိုင်ခဲ့တဲ့စံချိန်

၆) Twitterမှာ Followers အများဆုံး အမျိုးသားအနုပညာရှင်ဆိုတဲ့ စံချိန်

၇) Youtube မှာ သူ့ရဲ့ Official Vevo Channelဟာ လူကြည့်အများဆုံးဖြစ်ခဲ့တဲ့စံချိန်

၈) Youtube မှာ သူ့ရဲ့ သီချင်းဗီဒီယိိုတွေကို လစဉ်ကြေးပေးကြည့်ရှုသူ အများဆုံးဖြစ်ခဲ့တဲ့စံချိန်

အထက်ပါစံချိန်တွေနဲ့အတူ ဂျက်စတင်ဟာ Guinness World Records 2017 Edition Book စံချိန်ရှစ်ခု ဆက်တိုက်ဖော်ပြခြင်းခံခဲ့ရပါတယ်။

Source : guinnessworldrecords

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။