ဆိုမာလီယာ မြို့တော် မိုဂါဒစ်ရှုး မှာ ထရပ်ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေ ၂၃၁ ဦး၊ ဒဏ်ရာရသူ ဦးရေ ၂၇၅ ဦး ထိမြင့်တက်လာခဲ့ပါတယ်။ အဆိုပါ ပေါက်ကွဲမှုကို အမေရိကန် အစိုးရ က သူရဲဘောကြောင်တဲ့ တိုက်ခိုက်မှု အဖြစ်ပြောဆိုပြီး ရှုတ်ချလိုက်ပါတယ်။ "ယခုလို သူရဲဘောကြောင်တဲ့ တိုက်ခိုက်မှု ကို အမေရိကန် အနေနဲ့ ရှုတ်ချပါတယ်။ ဆိုမာလီယာ နဲ့ အာဖရိက ယူနီယံ မှာ ရှိတဲ့ မိတ်ဖက်တွေနဲ့ အတူ ဒီလို အကြမ်းဖက်တိုက်ခိုက်မှု မျိုးတွေကို တိုက်ဖျက်သွားမယ်" လို့ ဆိုမာလီယာ မှာ ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ ပြောခွင့်ရသူကပြောကြားခဲ့ပါတယ်။

အမေရိကန် စစ်ဘက်ဟာ ဒီနှစ်ထဲမှာ ဘဲ အယ်လ်ကိုင်ဒါ နဲ့ ချိတ်ဆက်နေတဲ့ အယ်လ်ရှာဖတ် စစ်သွေးကြွအဖွဲ့ တွေကို ဒရုံးလေယာဉ် များဖြင့် တိုးမြှင့်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီ့ အယ်လ်ရှာဖတ် စစ်သွေးကြွအဖွဲ့ ဟာ ဆိုမာလီယာမှာ အခြေစိုက်ပြီး မကြာခဏ ဆိုသလို မြို့တော် မိုဂါဒစ်ရှုးကို ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။ ဆိုမာလီယာ မှာ အမေရိကန် တပ်ဖွဲ့ဝင် ၄၀၀လောက် အခြေချလျက်ရှိပါတယ်။ ဒီပေါက်ကွဲမှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် များ ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူး။ 

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ကတော့ သူတို့ရဲ့ စေတနာ့ဝန်ထမ်း လေးဦး အဆိုပါ ဗုံးပေါက်ကွဲ မှုမှာ သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ ဆိုမာလီယာ ကြက်ခြေနီ အဖွဲ့မှ ၀န်ထမ်းများ လည်း သေဆုံးမှုထဲ ပါ၀င်ခဲ့ပါတယ်။ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များ က ဆိုမာလီယာ မြို့တော် ဗုံးပေါက်ကွဲမှု ကို ရှုတ်ချ ကြောင်းကြေညာချက်တွေ အသီးသီး ထုတ်ပြန်နေကြပါတယ်။

Source: Fox News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။