ပြီးခဲ့တဲ့ အောက်တိုဘာ၁၄ ရက်နေ့က ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။အဆိုပါ ဗုံးပေါက်ကွဲမှုဟာ ထရပ်ကားဗုံးပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။ဗုံးပေါက်ကွဲတဲ့ အချိန်မှာတော့ သေဆုံးသူဦးရေဟာ အယောက် ၂၀ သာရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး ယခုအချိန်မှာတော့ သေဆုံးသူဦးရေးဟာ ၂၇၁ ယောက်ထိ မြင့်တတ်လာခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ဦးရေဟာ ၃၀၀ ကျော်ထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ထိခိုက်သေဆုံးမှုတွေထဲမှာ အရပ်သားတွေကအများဆုံးပါဝင်ခဲ့တာဖြစ်ပြီး အစိုးရ ရုံးဝန်ထမ်းတွေ၊ သံတမန် အမှုထမ်းတွေနဲ့ သတင်းထောက်တွေ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ထိုဖောက်ကွဲမှုဟာ လူစည်းကားသွားလာမှုများတဲ့ ဟိုတယ်တွေ အစိုးရငှါနတွေနဲ့ ဈေးဝယ်စင်တာတွေရှိတဲ့ အနားမှာ ပစ်မှတ်ထားဖောက်ခွဲခဲ့တာလည်းဖြစ်ပါတယ်။ဖောက်ခွဲမှုကြောင့် အဆောက်အအုံတွေလည်းပျက်စီးခဲ့ရပြီး အနီးအနားမှာ ရှိတဲ့ မော်တော်ကားတွေဟာလည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။

ယခုလို ဖောက်ကွဲတိုက်ခိုက်မှုဟာ အစ္စလာမ်မစ်အကြမ်းဖက် အဖွဲ့အယ်လ်ရှာဘက် သူပုန်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုမာလီယာ အစိုးရဘက်က ကြေညာခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဆက်လက်ကူညီကယ်တင်မှုတွေပြုလုပ်နေပြီး သွေးလှူဒါန်းမှုတွေပြုလုပ်ပေးဖို့ တစ်နိုင်ငံလုံးအတိုင်းအတာ ကို ဆော်သြထားတာလည်းဖြစ်ပါတယ်။ 

source - MCN TV news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။