မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆောက်သမ်တန် အသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့ပြီး တစ်မှတ်စီရယူခဲ့ကြတာလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းဟာ ၈ ပွဲကစားပြီးချိန်မှာတော့ ၉ မှတ်ရရှိထားကာ အဆင့် ၁၀ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။နယူးကာဆယ်အသင်းဟာ ၈ ပွဲကစားပြီးချိန်မှာတော့ ၁၁ မှတ်ရရှိထားကာ အဆင့် ၉ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂါဘီယာဒီနီ ၊ ရှိန်းလောင်း၊ ရက်မွန်း၊ လီမီနာ၊ ရိုမီယူ၊ တာဒစ်တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နယူးကာဆယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျိုစီလူ၊ အတ်ဆု၊ ပီရက်ဇ်၊ ရစ်ချီယာ၊ ဟေးဒမ်း၊ ရှယ်ဗီး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာရရှိခဲ့တာဖြစ်ပေမဲ့ နယူးကာဆယ်အသင်းက ပိုမို ပြီး ဂိုးပေါက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

အဖွင့်ဂိုးကို နယူးကာဆယ်အသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ မိနစ် ၂၀ မှာ ဟေးဒမ်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၄၉ မိနစ်မှာ ဂါဘီယာဒီနီ က ဆောက်သမ်တန်အသင်းအတွက် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။၅၁ မိနစ် မှာ ပီရက်ဇ်က နယူးကာဆယ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။၇၅ မိနစ်မှာ ဂါဘီယာဒီနီ ကပဲ ဆောက်သမ်တနိအသင်းအတွက် ချေပဂိုးကို ပယ်နယ်တီကနေတဆင့် ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။