တရုတ်နိုင်ငံ Suzhou မြို့ မှှာ ရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းမှာ ခြောက်နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက် ကျောင်းရဲ့ နံရံနှစ်ခုကြား ထဲ ခေါင်းညပ် သွားခဲ့တာကြောင့် မီးသတ်သမားတွေ ခက်ခက်ခဲခဲ ကူညီကယ်ဆယ်ခဲ့ရပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ သောကြာနေ့ နေ့လည်က နေ့လည်စာစားချိန် မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို CCTV သတင်းဌာနက တင်ပြချက်အရသိရပါတယ်။

အရေးပေါ် ဖုန်းခေါ်ဆိုမှု ရရှိပြီးနောက် ဒေသခံ မီးသတ်သမားတွေဟာ အခင်းဖြစ်ပွားရာနေရာကို အပြေးအလွှား သွားရောက်ခဲ့ကြပါတယ်။ ရောက်ရှိချိန်မှာ တော့ မီးသတ်သမားတွေဟာ မိန်းကလေးငယ် ရဲ့ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး အုတ်နံရံနှစ်ခုကြားထဲ ညပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ သူမဟာ နာကျင်လို့ ငိုယိုအော်ဟစ်နေပါတယ်။ သူမရဲ့ အမေကတော့ သူမရဲ့ သမီးလေး နာကျင်မှု သက်သာစေရန် အတွက် ခန္ဓာကိုယ် အောက်ဘက်ကို ဆွဲထား ပြီး အနားမှာ အားထုတ်ကြိုးပမ်းနေခဲ့ပါတယ်။

မီးသတ်သမားတွေဟာ ပထမတော့ နံရံ တစ်ခုကို ဖြိုချဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နံရံကို ဖြိုချဖို့ အစီအစဉ်ကို စွန့်လွှတ်လိုက်ပါတယ်။ နောက်ဆုံးမှာ တော့ မီးသတ်သမားတွေဟာ နံရံနှစ်ခုကြားမှာ သဲတွေဖြည့်ခဲ့ကြပါတယ်။ ပြီးနောက် ချောဆီတွေကို နံရံပေါ်မှာ သုတ်လိမ်းခဲ့ကြပါတယ်။ မီးသတ်သမားတွေဟာ မိန်းကလေးငယ်ရဲ့ မေးစေ့ ကို ကိုင်ထိန်းပြီး ဦးခေါင်းကို အပေါ်ဘက်သို့ ဖြည်းဖြည်းချင်း မခဲ့ရပါတယ်။ မိန်းကလေးငယ်ကို နောက်ဆုံးမှာ ကယ်တင်နိုင်ခဲ့ပါတယ်။

Source: CNA News, Asiaone and CCTV News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။