အင်္ဂါနေ့ည ၁ း ၁၅ မှာ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းဟာ စပါးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ အုပ်စုတွင်း နှစ်ပွဲကန် နှစ်ပွဲလုံးကို အနိုင်ယူထားခဲ့တာဖြစ်ပြီး ရမှတ်တူညီနေခဲ့တာလည်းဖြစ်ပါတယ်။ရလဒ်ကောင်းတွေ ဆက်တိုက်ရယူထားနိုင်တဲ့ စပါးအသင်းကတော့ လက်ရှိချန်ပီယံ ရဲ့ အိမ်ကွင်းမှာ လာရောက်အစမ်းသပ်ခံရတော့ မှာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ဆုံး ငါးပွဲရလဒ် မှာတော့ လေးပွဲနိုင် တစ်ပွဲရံှူး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ရာနူန်းပြည့် ငါးပွဲလုံးအနိုင်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ ပြိုင်ဘက် ဒေါ့မွန်အသင်းကို အနိုင်ရယူထားနိုင်ခဲ့ပြီးနောက် နောက်တဆင့်တတ်ရောက်ဖို့ ရေပန်းစားလာခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ အစ္စကို၊ အဆန်စီယို၊ ရော်နယ်ဒို၊ ကရူး၊ ကတ်စမဲရိုး၊ မိုဒရစ် တို့ကို ထည့်သွင်းကစားသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဟာရီကိန်း၊ ဆွန်ယောင်မင်း၊ အဲရစ်ဆင်၊ ဒိုင်ယာ၊ ဒမ်ဘီလီ၊ ဒေးဗစ် တို့ကို ထည့်သွင်းကစားသွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။လက်ရှိချန်ပီယံအိမ်ကွင်းမှာ လာရောက်ကစားမဲ့ စပါးအသင်းအတွက်တော့ ရလဒ်ကောင်းရရှိအောင်စွမ်းဆောင်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ ဟာရီကိန်း ဦးဆောင်တဲ့ စပါးတိုက်စစ်ကတော့ မထင်မှတ်ထားတဲ့ရလဒ်မျိုး အံ့အားသင့်စေသွားအောင် လုပ်ပြသွားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်သွားရမယ်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။