အင်္ဂါနေ့ည ၁ း ၁၅ မှာ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းဟာ နာပိုလီအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ အုပ်စုပွဲ နှစ်ပွဲကစား နှစ်ပွဲနိုင်ရလဒ်နဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ အုပ်စုပွဲ နှစ်ပွဲကစားထားပြီး တစ်ပွဲနိုင် တစ်ပွဲရံှူး ရလဒ်ကြောင့် အဆင့် ၃ နေရာ မှာ ရှိနေတာလည်းဖြစ်ပါတယ်။ 

မန်စီးတီးအသင်းရဲ့နောက်ဆုံးငါးပွဲရလဒ်မှာတော့ ရာနူန်းပြည့် ၅ ပွဲ အနိုင်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာလည်း ရာနူန်းပြည့် ငါးပွဲလုံးအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ် ပွဲစဉ် ၈ အပြီးမှာ မန်စီးတီးအသင်းရဲ့ သွင်းဂိုးတွေဟာ ၂၉ ဂိုးထိရှိခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ စီးရီးအေ ၈ ပွဲပြီးဆုံးချိန်မှာတော့ သွင်းဂိုးဟာ ၂၆ ဂိုးထိ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။တိုက်စစ်ခြေစွမ်းတွေကောင်းမွန်တဲ့ နှစ်သင်းတွေ့ဆုံနေတဲ့ ပွဲလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဆာနေး၊ ဂျီဆပ်၊ စတာလင်း၊ ဆေးဗာလ်း၊ ဖာနန်ဒင်ဟို၊ ဒီဘရူနီ တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ကယ်လီဂျွန်၊ ဒရိုင်းမာတင်၊ အစ်ဇဂနီ၊ ဟမ်ဆစ်၊ ဂျော်ဂျီဟို၊ အလန် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ခြေစွမ်းတူညီနေတဲ့အသင်းနှစ်သင်းတွေ့ဆုံနေတဲ့ ဒီပွဲဟာ ဂိုးတွေအပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။ဘယ်တိုက်စစ်က အသာရသွားမလဲဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပြီဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။