လက်ရွေးစင်အသင်းမှာကစားဖော် အခုတော့ပြိုင်ဘက်

ရန်ကုန်ရောရတနာပုံပါအမှတ်ပေးပွဲမှာရှမ်းရဲ့ကျော်

တက်ခြင်းခံနေရပါတယ်။ချန်ပီယံဆုအတွက်ရန်ကုန်ကမျှော်လင့်ချက်ရှိနေသေးသော်လည်းရတနာပုံးအတွက်တော့ရေးရေးလေးသာရှိနေသည်။

ဒါကြောင့်AFCပြိုင်ပွဲအတွက်သူတို့တွင်ထွက်ရပ်လမ်း

တစ်ခုသာရှိတော့တယ်။ဗိုလ်ချုပ်အောင်ဆန်းဒိုင်း

ချန်ပီယံဖြစ်ရေးသည်သူတို့နှစ်သင်းရဲ့အဓိကရည်မှန်းချက်။

ပထမအကျော့ရန်ကုန်ကွင်းမှာကန်တော့ရန်ကုန်က

တစ်ဂိုးဂိုးမရှိနဲ့နိုင်တယ်။အခုမန္တလေးကွင်းမှာရော

ဘာ်လိုရလဒ်တွေထွက်ပေါ်မှာလဲ။ရန်ကုန်နဲ့ရတနာပုံ

မှာကိုယ်စီကိုယ်စီအားသာချက်ရှိသလို၊အားနည်းချက်တွေလည်းရှိပါတယ်။တိုက်စစ်ချင်း

ယှဉ်မည်ဆိုရင်ရန်ကုန်ကဆီဇာထက်ရတနာပုံက

ပက်ထရစ်ကလတ်တလောခြေစွမ်းတွေအရပိုသာနေပါတယ်။

နောက်အောင်သူနဲ့ကျော်ကိုကိုပြိုင်ဆိုင်မှု။မြန်မာ့လက်ရွေးစင်

အသင်းမှာကစားဖော်အခုတော့ပြိုင်ဘက်။သူတို့နှစ်ယောက်ရဲ့ပြိုင်ဘက်အသွင်တွေ့ဆုံကြမှုမှာ

ဘယ်သူအသာရသွားမလဲဆိုတာစောင့်ကြည့်ချင်စရာ။

နောက်ထပ်ပြိုင်ဆိုင်မှုတစ်ခုစည်သူအောင်၊နန်းဝေမင်းပြိုင်ဆိုင်မှုယူ-22အသင်းသားအချင်းချင်း

ပြိုင်ဘက်အဖြစ်ပြန်လည်ရင်ဆိုင်မှု၊၊စည်သူအောင်ရဲ့

တောင်ပံထိုးဖောက်မှုတွေကိုနန်းဝေမင်းဘယ်လိုထိန်းမလဲ

ရင်ခုန်စိန်လှုပ်ရှားစရာများ။အလယ်တန်းတွင်တော့

ရန်ကုန်အသင်းရဲ့ဘောလုံးဦးနှောက်အီမာဆင်နဲ့

ရတနာပုံလူငယ်Playmakerလှိုင်းဘိုဘိုုဘယ်သူ

အသာရပြီးကွင်းလယ်ကိုဘယ်အသင်းက

စီးသွားမလဲစောင့်ကြည့်ရဦးမည်။နောက်တန်းတွင်လည်း

သိန်းသန်းဝင်းတစ်ယောက်ဇော်မင်းထွန်းတို့နဲ့ပြန်ရင်ဆိုင်ရဦးမည်။နေရာတိုင်းတွင်ပြိုင်ဆိုင်မှုတွေအပြည့်နဲ့စိတ်လှုပ်ရှားစရာ

မြန်မာပြည်ဒါဘီကိုကြည့်ချင်တော့ဆိုရင်တော့19ရက်နေ့

ညနေငါးနာရီမှာမန္တလာသီရိကွင်းကြီးထဲလှမ်းလာလိုက်ပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။