Water Bus ကို ပန်းဆိုးတန်းမှ အင်းစိန် အထိ ကြာမြင့်ချိန် ၁ နာရီ (ရေဆန်) ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ ရောင်းချတဲ့ အစားသောက်တွေရဲ့ စျေးနှုန်းကလည်း အရမ်းစျေးတန်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် တစ်ခွက် ကို ၁၅၀ ကျပ် ၊ ထမင်းတစ်ဗူး ၄၅၀ ကျပ် နှင့် ဂိတ်စ မှ ဂိတ်ဆုံး ရေယဉ်ခ ၃၀၀ ကျပ်ပဲ ဖြစ်ပါတယ်။ ငွေချေကဒ် (anypay) card ကတော့ အထဲမှာ ငွေတစ်ထောင်ပါတဲ့ တစ်ထောင်တန် ကဒ်ပဲဖြစ်ပါတယ်။ ကဒ်ဖိုးပေးစရာမလိုပါဘူး။ ငွေကုန်သွားရင် ငွေဖြည့်တဲ့စက်ကို သွားရောက်ပြီး ကိုယ်တိုင် ကဒ်ထဲ ငွေထပ်ထည့်လို့ရပါတယ်။ 

ဂိတ်တိုင်းရဲ့ လက်မှတ်ရောင်းတဲ့ကောင်တာမှာ ငွေချေကဒ် (anypay) card ကို ၀ယ်လို့ရပါတယ်။ ကဒ်ဖိုးပေးစရာမလိုဘဲ တစ်ထောင်ပါ၀င်တဲ့ တစ်ထောင်တန်ကဒ်ပဲ ဖြစ်ပါတယ်။ အမည်၊ လိပ်စာ၊ မှတ်ပုံတင်နံပါတ် ပြောလိုက်ရင် ကဒ်လုပ်လို့ ရပါတယ်။ ကဒ်ပြားပျောက်သွားရင်လည်း မှတ်ပုံတင်လေးပြပြီး ကဒ်အသစ်ပြန်လုပ်လို့ရတယ်။ အထဲက ငွေလက်ကျန်ကို ပြန်ထည့်ပေးတယ်။ နောက်ပိုင်းမှာတော့ ဖုန်းတွေထဲ ငွေထည့်ပြီး ဖုန်းလေး စက်ပေါ်တင်လိုက်တာနဲ့ ငွေ ၃၀၀ ကျပ် ဖြတ်သွားမယ်၊ ဖုန်းလေးနဲ့တင် စီးလို့ရတဲ့ နည်းစနစ်မို့ အရမ်းကောင်းပါတယ်။ 

သင်္ဘောရပ်တဲ့နေရာတွေကတော့ ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ မော်တင်၊ ကြည့်မြင်တိုင်၊ ရွှေပိတောက်၊ အင်းစိန် တို့ပဲဖြစ်ပါတယ်။ ရေလမ်းခရီးဖြစ်တာမို့ သက်ကယ်အကျင်္ ီတွေကိုလည်း ထိုင်ခုံအောက်မှာ ထားပေးထားပါတယ်။ မီးပွိုင့်လဲ မမိ၊ လမ်းလည်း မပိတ်တာမို့ စိတ်အနှောင့်အယှက်ဖြစ်ရတာနဲ့ နောက်ကျတာမျိုးတွေကတော့ လုံးဝ မရှိတော့ပါဘူး။ ကော်ဖီလေးသောက်ရင်း ရှုခင်းလေးတွေကြည့်ရင်း လိုရာခရီးကို ဇိမ်ကျကျလေး စီးနိုင်တာမို့ ကိုယ်တိုင်ခံစားချင်လို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အတူတူ Water Bus စီးကြည့်ဖို့ တိုက်တွန်းပါရစေနော် … <3 <3 <3

သတင်းအရင်းအမြစ် - ကိုထွေး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။