Lady Boy ဘဝကနေ တကယ့်မိန်းကလေးအစစ်ဘဝကို ခွဲစိတ်ကူးပြောင်းသွားတဲ့ မျိုးကိုကိုစန်းရဲ့ အလှအပလေးတွေနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ သူမကလတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအဖြစ် Photo Shooting တွေရိုက်နေတာကိုတွေ့ရပါတယ်။

လွန်ခဲ့တဲ့လတွေတုန်းက Cele Cele Small ကြောင့် မင်းသမီးဝတ်မှုန်ရွှေရည်နဲ့ ပြဿနာအကြီးအကျယ်ဖြစ်ခဲ့ရသူပေါ့။ နောက်ပိုင်းတွေမှာတော့ သူမမှာ အပြစ်မရှိကြောင်း ထင်ရှားတဲ့အတွက် ပြစ်ဒဏ်ကလွင်ကင်းခွင့်ရခဲ့ပါတယ်။ တလောကလဲ သူမရဲ့မောင်လေး ဟာ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျခံနေရတာမို့ မိဘတွေကိုယ့်သားသမီးကို ဂရုစိုက်ဖို့ အသိပေးတဲ့ Post လေးတစ်ခုတင်ခဲ့ပါသေးတယ်။

သူမက ယခင်ယောကျာ်းလေးဘဝထဲက ချစ်စရာကောင်းသူပါ။ မျက်နှာပြုပြင်ခွဲစိတ်မှု မလုပ်ထားပဲ နဂိုချစ်စရာကောင်းတဲ့သူပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေး တွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။