ပရိသတ်ကြီးကို သဘာဝကျတဲ့ ဟာသလုပ်ကွက်လေးတွေ နဲ့ အမြဲရယ်မောပျော်ရွှင်စေခဲ့တဲ့ သရုပ်ဆောင်ကစ်ကစ်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုထမ်မံခံယူနေရတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ရက်နေ့ ည ၉နာရီအချိန်မှာ အဆုပ်နဲ့နှလုံးမှာ ရေဝပ်နေတယ်ဆိုပြီး ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အရ ဆေးကုသမှုထပ်မံခံယူနေရတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ယခင်ရောဂါအခံ ဖြစ်တဲ့ ဆီးချိုနဲ့သွေးချိုကတော့ ပုံမှန်ပြန်ဖြစ်သွားပြီး စိုးရိမ်စရာအခြေမရှိပါဘူးလို့လဲသိရပါတယ်။

ယခင်ကလဲ ဆီးချို၊သွေးချိုနဲ့ နှလုံးရောဂါ စတဲ့ ကျန်းမားရေး အခြေအနေတွေ ကြောင့်နာမကျန်းဖြစ်ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်လို့ဆိုပါတယ်။သူမကအချိုအရမ်းကြိုက်တာပါလို့ဆိုပါတယ်။ကားရိုက်ပြီးလို့အိမ်ရောက်ရင်မောမောနဲ့Gasပါတဲ့အချိုရည်ဗူးကိုတစ်ပြိုင်နက်၂ဗူးသောက်တာပါလို့ဆိုပါတယ်။အိမ်ကလူတွေကတားပေမယ့်အဲ့ဒီအချိန်တုန်းကလက်မခံခဲ့ပါဘူး။သူမအကျင့်ကငယ်ငယ်ထဲအိမ်ကလူတွေမလုပ်နဲ့တားရင်ရအောင်လုပ်ဖြစ်တဲ့ခေါင်းမာတက်တဲ့အကျင့်ရှိပါတယ်ဆိုပြီးပြောပါတယ်။ငယ်ရွှယ်စဉ်ကတော့အဲ့ဒီဒဏ်တွေမသိသေးဘူးပေါ့အသက်လေးရလာတော့မှ ငယ်စဉ်ကကိုယ်ဆိုးခဲ့သမျှစုခံရတာပဲဆိုပြီး ပြောပြတာကိုစိတ်မကောင်းစွာကြားသိရပါတယ်။ 

ယခု အဆုပ်နဲ့နှလုံးမှာ ရေဝပ်နေတယ်ဆိုပြီး ထပ်မံဆေးကုသမှုခံနေရတဲ့ ပြည်သူချစ် ဟာသ သရုပ်ဆောင်ကစ်ကစ် ရဲ့ ကျန်မာရေးအခြေအနေဟာ ပြန်လည်သက်သာလာပါပြီးလို့သိရပါတယ်။

သရုပ်ဆောင်ကစ်ကစ်နာမကျန်းဖြစ်စဉ်ကအားပေးခဲ့ကြတဲ့အနုပညာရှင်များအတက်ပညာရှင်များ အမေ့ရဲ့လုပ်ဖော်ကိုင်ဖက်များအားလုံးနဲ့ဖုန်းဆက်ပြီးသတင်းမေးကြတဲ့အမေ့ရဲ့မိတ်ဆွေအနုပညာရှင်များအားလုံးကိုအမေ့ကိုယ်စားသမီးဇွန်ပြည့်ကကျေးဇူးတင်ပါတယ်ရှင့်ဆိုပြီးလဲ သရုပ်ဆောင်ကစ်ကစ်ရဲ့ ချစ်သမီးလေးမှ ကစ်ကစ်ကိုယ်စားကျေးဇူးတင်းကြောင်းကို သရုပ်ဆောင်ကစ်ကစ်ရဲ့လူမှုကွန်ယက်ကနေမျှဝေထားတာကိုတွေ့မြင်ရတာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - ကစ်ကစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။