အင်္ဂါနေ့ည ၁း၁၅ မှာ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မာရီဘောအသင်းဟာ လီဗာပူလ်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။မာရီဘောအသင်းဟာ အုပ်စုပွဲ နှစ်ပွဲကစားထားပြီး တစ်ပွဲသရေ တစ်ပွဲရှုံးရလဒ်ကို ရရှိထားကာ အုပ်စုဇယားအောက်ဆုံးမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းဟာ အုပ်စုပွဲ နှစ်ပွဲကစားထားပြီး နှစ်ပွဲလုံး သရေကျထားခဲ့ကာ အဆင့် ၂ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။

မာရီဘောအသင်းရဲ့နောက်ဆုံး ငါးပွဲရလဒ်မှာတော့ သုံးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ သုံးပွဲသရေ တစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်ကို ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ရလဒ်တွေ အနည်းငယ်ဆိုးဝါးနေခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ ပုံစံကောင်းရရှိအောင် ပြန်လည်ကြိုးစားနေချိန် မှာ အုပ်စုအတွင်း အင်အားအနည်းဆုံးပြိုင်ဘက်ဖြစ်တဲ့ မာရီဘောအသင်းကို အကောင်းဆုံးကစားသွားဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်

မာရီဘောအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ တာဗာရက်၊ မီဆာနိုဗစ်၊ ဖေလာ၊ ကတ်ဟာ၊ ဗာဟိုဗက်စ်၊ ဘိုဟာ တို့ကို ထည့်သွင်းကစားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဆာလက်၊ စတာရစ်၊ ချန်ဘာလိန်၊ ကော်တင်ဟို၊ ဟန်ဒါဆန်၊ ဂျိန်းမီနာ တို့ကို ပွဲထုတ်သွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။မာနေးနဲ့ လယ်လာနာက တော့ ဒဏ်ရာကြောင့် အနားယူနေရတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းကတော့ အဝေးကွင်းဖြစ်ပေမဲ့ အမှတ်ပြည့်ရယူနိုင်အောင် ကြိုးစားအားထုတ်ရမှာဖြစ်တာကြောင့် လီဗာပူလ်း အနိုင်သေချာစေမဲ့ ပွဲလို့လည်း ဆိုချင်တယ်ဗျာ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။