ဗြိတိန်ဟာ အစ္စလာမ်မစ် စစ်သွေးကြွ တွေရဲ့ အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်နေမှုကို ရင်ဆိုင်နေရတယ် လို့ ဗြိတိန်ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ အေဂျင်စီ MI 5 ရဲ့ အကြီးအကဲဖြစ်သူ Andrew Parker က အင်္ဂါနေ့ကပြောကြားလိုက်ပါတယ်။ ဗြိတိန် ဟာ အစ္စလာမ်မစ် စစ်သွေးကြွ တွေရဲ့ လူထု ကို တိုက်ခိုက်ဖို့ ကြံစည်မှု တွေ၊ လုပ်ဆောင်ရန် ရက်ပိုင်းမျှသာ ကြာတဲ့ အကြမ်းဖက်တိုက်ခိုက်မှု မျိုး ကြံစည်မှု တွေ ကို ရင်ဆိုင်နေရတယ် လို့ MI 5 ရဲ့ အကြီးအကဲဖြစ်သူ ကပြောဆိုခဲ့တာပါ။

ဗြိတိန် နိုင်ငံမှာ ယခုနှစ်အတွင်း ပြည်သူ ၃၆ ဦးသေဆုံးခဲ့တဲ့ အစ္စလာမ်မစ် စစ်သွေးကြွ ၄ ဦး ရဲ့ တိုက်ခိုက်မှု ဖြစ်ပွားအပြီး ဒါဟာ သူ့အနေနဲ့ ထောက်လှမ်းရေး တာဝန်ထမ်းဆောင်ခဲ့တဲ့ ၃၄ နှှစ်တာ ကာလ အတွင်း အကြီးမားဆုံး ခြိမ်းခြောက်မှု နဲ့ အကြမ်းဖက်တိုက်ခိုက်မှု လည်း ဖြစ်တယ်လို့ MI 5 ရဲ့ အကြီးအကဲဖြစ်သူ Andrew Parker က ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ တော့ အစ္စလာမ်မစ် စစ်သွေးကြွ တွေဟာ ဆီးရီးယား နဲ့ အီရတ်မှာ နှစ်နှစ်အတွင်းဆက်တိုက် ဆုတ်ခွာနေရပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွ တွေ ချေကုပ်ယူရာ မြို့တော်ဖြစ်တဲ့ ဆီးရီးယား ရှိ ရက်ကာ မြို့ကို စစ်သွေးကြွတွေ လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပိုင်နက်နယ်မြေ၊ ချမ်းသာမှု တွေ ဆက်တိုက်ဆုံးရှုံးနေသော်လည်း စစ်သွေးကြွတွေဟာ အကြမ်းဖက်တိုက်ခိုက်ဖို့ အွန်လိုင်းကနေ တစ်ဆင့် ၀ါဒဖြန့်ချီတာတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ဗြိတိန်ဟာ လွန်ခဲ့တဲ့ လေးနှစ်တာကာလ အတွင်း အကြမ်းဖက်တိုက်ခိုက်ရန်ကြံစည်မှု အခု ၂၀ ကို တားဆီးနိုင်ခဲ့ပါတယ်။

Source: Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။