MRTV-4 Channel မှာထုတ်လွင့်ပြသလျက်ရှိပြီးပရိသတ်တွေရဲ့အားပေးမှုအခိုင်အမာရရှိလျက်ရှိတဲ့ ပဉ္စလက်ရွှာရုပ်သံဇာတ်လမ်းတွဲလေးထဲကမျက်လှည့်ဆရာ မြို့သားလေး ရိုးစစ် ဇာတ်ကောင်အဖြစ်ပါဝင်ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်အောင်မင်းခန့် ကို ပရိသတ်ကြီးအနေနဲ့မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။သရုပ်ဆောင်အောင်မင်းခန့်ဟာသူရဲ့လူမှု့ကွန်ယက်မှာတင်ခဲ့တဲ့ပုံလေးတစ်ပုံကြောင့်ပရိသတ်တွေ လေးစားခဲ့ကြရပြီး ပရိသတ်တွေအပေါ် အဆင့်အတန်းမခွဲခြားပဲတန်းတူဆက်ဆံတက်တဲ့သူရဲ့ ဖြူစင်ရိုးသားတဲ့စိတ်ဓာတ်လေးကိုပရိသတ်တွေအနေနဲ့ချီးကျူးမဆုံးဖြစ်ခဲ့ကြရပါတယ်။

ပရိသတ်ချစ် သရုပ်ဆောင်အောင်မင်းခန့်တင်ခဲ့တဲ့ပုံလေးကတော့ ရွှေတိဂုံစေတော် သန်ရှင်းရေးဝန်ထမ်းများနဲ့အမှတ်တရ ဓာတ်ပုံအတူတကွရိုက်ကူးပြီးသူရဲ့လူမှုကွန်ယက်မှာတင်ခဲ့တာပဲဖြစ်ပါတယ်။ စိမ်းလန်းမှုတိုင်းက ကမ္ဘာကြီးရဲ့အလှအပတွေကိုဖန်တီးပေးနိုင်သလို ပရိသတ်တိုင်းပရိသတ်တိုင်းကလဲ ကျွန်တော်အတွက်ခွန်အားအသစ်တွေကိုဖြစ်ပေါ်စေပါတယ်ဆိုုတဲ့ လေးစားဖွယ်စာသားလေးနဲ့အတူ မျှဝေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရဲ့ခွန်အားပေးမှုတွေအတွက်အများကြီးကျေးဇူးတင်ပါတယ်ဆိုပြီးရေသားဖော်ပြထားတာကိုလဲတွေ့ရှိရတာဖြစ်ပါတယ်။

လက်ကတောမှာတော့အနုပညာ လှုပ်ရှားတွေဆက်တိုက်လုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။ မကြာမီရုံတင်တော့မယ်ရုပ်ရှင်ကားကြီးများမှာလဲပါဝင်ရိုက်ကူးထားတယ်လို့သိရပါတယ်။ပရိသတ်ကြီးအနေနဲ့ ပဉ္စလက်ရွှာရုပ်သံဇာတ်လမ်းတွဲလေးထဲက မျက်လှည့်ဆရာမြို့သားလေးရိုးစစ်ကိုနှစ်သက်အားပေးကြတဲ့အတွက်အများကြီးပျော်ရွှင်ဝမ်းမြောက်မိပါတယ်လို့ဆိုပါတယ်။ပရိသတ်တွေရဲ့အားပေးမှုခွန်အားတွေနဲ့ပရိသတ်ကြီးအတွက်အကောင်းဆုံးကြိုးစားပြီး့အနုပညာလုပ်ငန်းတွေဆက်လက်လုပ်ကိုင်သွားအုန်းမှာပါလို့လဲသိရပါတယ်။ပဉ္စလက်ရွှာ ရုပ်သံဇာတ်လမ်းတွဲလေးထဲက ပရိသတ်ချစ်သရုပ်ဆောင်အောင်မင်းခန့်ရဲ့ရိုက်ကွင်းပေါ်ကအမှတ်တရဓာတ်ပုံလေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - အောင်မင်းခန့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။