ပြီးခဲ့တဲ့အောက်တိုဘာ ၁၇ရက်မနေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အင်ယားကန်ဘောင်တွင်ဘာသာပေါင်းစုံဆုတောင်းပွဲပြုလုပ်ကျင်းပခဲ့တယ်လို့သိရပါတယ်။ ထိုဆုတောင်းပွဲကိုဘာသာပေါင်းစုံငြိမ်းချမ်းရေးကိုယ်စလှယ်တွေကငြိမ်ချမ်းရေးဖယောင်းတိုင်ထွန်းညှိပြီးအခမ်းအနားကိုအောင်မြင်စွာဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ 

၎င်းဆုတောင်းပွဲပြုလုပ်ရတဲ့ရည်ရွှယ်ချက်က မြန်မာပြည်အတွင်းမှာနေထိုင်လျက်ရှိတဲ့ဘာသာပေါင်းစုံက ပြည်သူတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လျက်ရှိကြောင်း ကမ္ဘာကိုချပြတဲ့ပွဲလေးတစ်ပွဲဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးကပြောကြားသွားပါတယ်။နောက်ထပ်လဲ တတိယအကြိမ်နဲ့စတုထ္တအကြိမ်မြောက်ဆုတောင်းပွဲများကိုလဲရန်ကုန်မြို့နေရာအနှံအပြားမှာဆက်လုပ်ဆောင်သွားမယ်လို့လဲသိရပါတယ်။ 

ဘာသာပေါင်းစုံဆုတောင်းပွဲကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုနဲ့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတက်ရောက်ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့သိရပါတယ်။

ဆုတောင်းပွဲကို ဗုဒ္ဓဘာသာ,အစ္စလာမ်ဘာသာ,ဟိန္ဒူဘာသာ,မဟာယနဗုဒ္ဓဘာသာ,ခရစ်ယာန်ဘာသာ ကကိုယ်စားလှယ်အသီးသီးနဲ့ပြည်သူပေါင်း၁သောင်းကျော်တက်ရောက်ခဲ့ပြီးဖယောင်းတိုင်များထွန်းညှိကာဆုတောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 

Photo - Credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။