အနုပညာလောကရဲ့ တက်သစ်စမော်ဒယ်လ်တွေထဲမှာ ထူးအောင် တစ်ယောက်လည်း ပါဝင်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ Body ကြောင့် မိန်းကလေးပရိသတ်အများစုရဲ့ ဝန်းရံခြင်းကို ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလတ်တလော လူမှုကွန်ယက်ပေါ်မှာ ထူးအောင်နဲ့ နာမည်ကြီးအလှမယ် Miss Universe Mandalay နန်းလှိုင်လှိုင်မိုး (လရိပ်ပြာ) တို့ရဲ့ ဓာတ်ပုံလေးနှစ်ပုံဟာ ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။

လရိပ်ပြာက ထူးအောင်နဲ့ ရိုက်ထားတဲ့ပုံကို သူ့ရဲ့ လူမှုကွန်ယက်ကနေတဆင့် ယခုလိုရေးသားပြီး တင်ထားပါတယ်။

"သူလေး အားတုန်း အမြန်သွားပြီး ဓာတ်ဖမ်းထားရတယ်?

အရမ်းချစ်ကြတဲ့ #Bff_Goal#တွေပေါ့????

Ps-???" ဆိုပြီး တင်ထားပါတယ်။ တင်ထားတဲ့ ဓာတ်ပုံထဲက တစ်ပုံမှာတော့ နှစ်ယောက်အတူ အကျႌအနီ အကွက်လေးတွေကို ဝတ်ဆင်ထားပါတယ်။ 

ထူးအောင်က "မန္တလာမြေမှ မန်းသစ္စာ" ဆိုတဲ့ ဇာတ်ကားကြီးအတွက် မန္တလေးကို ရောက်ရှိနေတာဖြစ်ပြီး လရိပ်ပြာကတော့ မန္တလေးသူတစ်ဦးဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ဦးတွဲနေကြတယ်လို့ ထင်ကြေးတွေပေးနေကြပေမယ့် လရိပ်ပြာကတော့ "သူ့ကိုစထားတာ" ဆိုပြီး ပြောထားပါတယ်။ မော်ဒယ်လ်ထူးအောင်ကတော့ လက်ရှိအချိန်ထိ ဖြေရှင်းတာမျိုးမရှိသေးပေမယ့် သူ့ရဲ့ မိန်းကလေးပရိသတ်တွေကတော့ ကြေကွဲနေကြပါတယ်။ 

Source:  Nan Hlaing Hlaing Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။