စိုင်းစိုင်း ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခု ပါးချင်ပါတယ်… နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ နာမည်ကြီးအဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ Fan Meeting ပြုလုပ်မယ်လို့ သိရပါတယ်..။ SAI Cosmetix (၁)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ပရိသတ်တွေနဲ့ အမှတ်တရ တွေ့ဆုံပွဲပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်..။ ပရိသတ်တွေနဲ့ Fan Meeting အမှတ်တရတွေ့ဆုံပွဲလေးမှာ SAI COSMETIX ရဲ့ ပစ္စည်းသစ်တွေနဲ့လည်း မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်..။ လာမယ့် အောက်တိုဘာ(၂၉)ရက်နေ့ နေ့လည်(၁)နာရီကနေ ညနေ(၅)နာရီ အထိ Junction Square Promotion Area မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

စိုင်းစိုင်းကတော့ ပရိသတ်တွေကိုလည်း သူ့ရဲ့ fb စာမျက်နှာမှ တဆင့် ဖိတ်ခေါ်ထားပါတယ်..။ “SAI Cosmetix ကို ချစ်တဲ့ ပရိသတ်တွေအားလုံးနဲ့ မတွေ့ရတာလဲ ကြာပြီဆိုတော့ တစ်နှစ်ပြည့် အမှတ်တရ နှုတ်ခမ်းနီ အကြောင်းပြုပြီး အတူတူ ဆုံကြရအောင်ဗျာ..” လို့ ရေးသားဖိတ်ခေါ်ထားပါတယ်..။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ စိုင်းစိုင်း ပရိသတ်တွေအတွက် သတင်းကောင်းလေး တစ်ခုလည်း ဖြစ်ပါတယ်..။ SAI Fan တွေအနေတဲ့ မသိလို့ လွတ်သွားတာမျိုး မဖြစ်ရအောင် Fan အချင်းချင်း လက်တို့ကြဖို့ မမေ့နဲ့နော်..

င်းစိုင်းဟာ တေးသီချင်းကောင်းလေးတွေ သီဆိုဖျော်ဖြေပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အနုပညာရှင် တေးရေး၊ တေးဆို အဆိုတော် တစ်ယောက်ဖြစ်ပါတယ်..။ အနုပညာသက်တမ်းတစ်လျှောက် ယနေ့တိုင် အောင်မြင်မှုကို ထိန်းထားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်..။ အဆိုတော်တွေထဲမှာ နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ စိုင်းစိုင်းဟာ ပရိသတ်တွေအပေါ်ကိုလည်း အမြဲလေးစားချစ်ခင်ပြီး တတ်သစ်စ အနုပညာရှင်တွေကိုလည်း လက်တွဲခေါ်တတ်တဲ့ စီနီယာကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်..။ ထို့ပြင်ဝေဖန်တိုက်ခိုက်လာသူတွေအပေါ်မှာလည်း အပြုံးမပျက် တုန့်ပြန်တတ်သူ ဖြစ်ပြီး တစ်ခါတစ်လေ သူ့ကို လှောင်ပြောင်တိုက်ခိုက်တဲ့ သူတွေနဲ့ အပြိုင်တောင် သူ့ကိုယ်သူ ပြန်လှောင်ရဲတဲ့ ရင့်ကျက်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။