ဟန်ဂူဂျင်ရဲ့သွင်းဂိုးနဲ့ဖိုင်နယ်တက်သွားတဲ့ရှမ်း


ပထမအကျော့တောင်ကြီးကွင်းမှာတစ်ဂိုးစီ

သရေကျခဲ့တဲ့ဒုတိယအကျော့အဖြစ်ပုသိမ်ကျောက်တိုင်ကွင်း

မှာကစားခဲ့ရာမှာအရှုံးအနိုင်မပေါ်ခဲ့ဘဲနှစ်ဂိုးစီသရေထပ်ကျခဲ့ပါတယ်။ဒါပေမယ့်အဝေးဂိုးစည်းမျဉ်းအရရှမ်းကဗိုလ်လုပွဲကို

တက်ရောက်သွားနိုင်ခဲ့ပါတယ်။အိမ်ကွင်းမှာအနိုင်ရလဒ်

ရယူဖို့ကြံစည်ထားတဲ့AUFCအတွက်တော့ဝမ်းနည်းစရာ

ပေါ့။


ပွဲအစပိုင်းမှာရှမ်းရဲ့အထနှေးမှုကိုအခွင့်ကောင်းယူပြီး

Ayaအသင်းကကိကပွဲစပြီးနှစ်မိနစ်မှာပဲဗွေဆော်ဦး

ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဂိုးပေးလိုက်ရတဲ့အတွက်

ရှမ်းပျာသွားပြီးချေပဂိုးရဖို့အသည်းအသန်လိုက်ကစား

ခဲ့ရပါတယ်။Ayaဂိုးသမားဗန်ဟားလရွယ်ကောင်းလွန်း

တာရယ်ရှမ်းတိုက်စစ်မှူးခရစ္စတိုဖာညံနေတာရယ်ကြောင့်

ရှမ်းပထမပိုင်းမှာဂိုးမရခဲ့တာပါ။Ayaအသင်းရဲ့အမှားကတော့

ပထမပိုင်းမှာရတဲ့ဂိုးကိုထိန်းကစားဖို့ဆုံးဖြတ်လိုက်တာပါပဲ။


ဒုတိယပိုင်းမိနစ်80အထိတောင့်ခံလာပြီးနောက်မှာတော့

Ayaတို့ပယ်နယ်တီပေးလိုက်ရပါတယ်။ဒီပယ်နယ်တီကို

ရှမ်းတောင်ပံကစားသမားရန်နိုင်ဦးတည်တည်ငြိမ်ငြိမ်ကန်

သွင်းယူသွားခဲ့ပါတယ်။အဖိုးတန်ချေပဂိုးရပြီးနောက်မှာလည်း

ကစားအားမချတဲ့ရှမ်းဟာမိနစ်90မှာတောင်ကိုရီးယား

ကစားသမားဟန်ဂူဂျင်ရဲ့ဂိုးနဲ့Ayaအသင်းကိုအသည်းခွဲ

ခဲ့ပါတယ်။Ayaဘက်ကနာကျင်အချိန်ပိုမှာမင်းမင်းသူ

ချေပဂိုးသွင်းခဲ့ပေမယ့်အဝေးဂိုးစည်းမျဉ်းအရဗိုလ်လုပွဲကို

လက်ပြနှုတ်ဆက်သွားခဲ့ရပါတယ်။ဖိုင်နယ်ရောက်ရှမ်းဟာ

မနက်ဖြန်ကန်မယ့်ရတနာပုံနဲ့ရန်ကုန်နိုင်တဲ့တစ်သင်းနဲ့

တွေ့မှာပါ။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။