ဒဂုံတက္ကသိုလ်ရဲ့ကျောင်းဆရာကန်တော့ပွဲမှာ ကကွက်ဆန်းတွေနဲ့ ပရိတ်သတ်တွေ သဘောတကျရှိခဲ့တဲ့ဖြူဖြူထွေးဆိုရင် အားလုံးနီးပါးသိကြမှာပါ။ သူမရဲ့ Funny Video လေးတွေကို အမြဲမပြတ်တင်ပြီး ပရိတ်သတ်ကို ရယ်မောပျော်ရွှင်စေသူလဲဖြစ်ပါတယ်။ ရိုးသားပွင့်လင်းတဲ့ အညာသူလေးဖြစ်တာကြောင့် သနပ်ခါးလေးနဲ့ ချစ်စရာကောင်းတဲ့သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ အမြဲလိုလိုတင်တတ်တာကိုလဲ တွေ့ရပါတယ်။

သူမရဲ့ ကကွက်အဆန်းတွေ အမိုက်စားကချက်တွေကြောင့် သူမကိုအားပေးသူ ပရိတ်သတ်  တွေ ပိုပိုများလာပါတော့တယ်။ သူမဟာ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်ကိုရောက် လာပြီပဲ ဖြစ်ပါတယ်။ “ တတိယလက်ဗွေရာ ” ဆိုတဲ့ သည်းထိတ်ရင်ဖို Video ဇာတ်ကား မှာလဲ ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပါတယ်။ မကြာခင်ရုံတင်တော့မယ် “ အော်တိုဘုရင် ” ရုပ်ရှင်ကားမှာလဲ ဇာတ်ပို့ဇာတ်ရံနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

သူမရဲ့မိခင်ကတော့ သူမကို လိမ္မာရေးခြားရှိတဲ့ သမီးလေးဖြစ်စေချင်ပါတယ်လို့ Interview တစ်ခုမှာဖြေကြားထားပါသေးတယ်။ သူမရဲ့နောက်ဆုံး Dance Video လေးကို မန်ချက် စတာယူနိုက်တက် ဝတ်စုံဝတ်ပြီး အမိုက်စားကကွက်နဲ့ စက္ကန့်အနည်းငယ်စာ ကပြသွား တာပဲဖြစ်ပါတယ်။ သူမရဲ့ Dance Video အသစ်လေးကို ပရိတ်သတ်ကြီးအတွက်လဲ မျှဝေပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။