ယနေ့ အောက်တိုဘာ (၁၉)ရက်နေ့ မနက်အစောပိုင်းတွင်ဖြစ်ပွားခဲ့သော ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် အမျိုးသားတစ်ဦးသေဆုံး ခဲ့တယ်လို့ သိရပါတယ်။ မီးသတ်သတ်ဖွဲ့ဝင်များအနေဖြင့် မီးကြွင်းမီးကျန်များကို ဆက်လက်ငြှိမ်းသတ်နေစဉ် နံနက် ၉ နာရီအချိန်ခန့်တွင် အဆိုပါ အဆောက်အဦ လေးလွှာတွင် မီးလောင်ကျွမ်း သေဆုံးနေသော အမျိုးသားအလောင်းတခုကို တွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။သေဆုံးသူအမျိုးသား၏ကိုယ်ရေးအချက်အလက်ကိုတော့အတည်မပြုနိုင်သေးဘူးလို့သိရပါတယ်။နောက်ထပ်လဲ ဟောင်ကောင်နိုင်ငံသူတစ်ဦး ဟိုတယ်ရဲ့လေးလွှာမှ ခုန်ချခဲ့ရာ ခါးတွင်ဒဏ်ရာရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားတယ်လို့သိရပါတယ်။အသက်အန္တရာယ်တော့စိုးရိမ်စရာမရှိဘူးလို့လဲသိရပါတယ်။

လက်ရှိမှာတော့ကန်တောကြီးပဲလေ့စ်ဟိုတယ်တွင်တည်းခိုနေထိုင်သူဧည့်သည်များအား ချက်ထရီယမ် ဟိုတယ်နှင့် ဂျက်စမင်ပဲလေ့စ်ဟိုတယ်သို့ ပြောင်းရွှေ့တည်းခိုနေထိုင်ရန် စီစဉ်ဆောင်ရွက် ပေးခဲ့တယ်လို့ိသိရပါတယ်။ကန်တော်ကြီးပဲ့လေ့ဟိုတယ်တွင် တည်းခိုနေထိုင်သူ နိုင်ငံခြားသား ၈၄ ဦး၊ မြန်မာ ၄ဦး စုစုပေါင်း ၈၈ ဦးရှိခဲ့ပြီး အန္တရာယ်ကင်းကင်းပြောင်းရွေ့နေရာချထားပေးခဲ့တယ်လို့လဲသိရပါတယ်။

ကန်တော်ကြီးပဲလေစ့် မီးလောင်မှုကို မီးသတ်တပ်ဖွဲ့အင်အားအမြောက်အများနဲ့မီးငြိမ်းသတ်ခဲ့ရပြီး မနက် ၇နာရီ ဝင်းကျင်ခန့်မှာ မီးထိန်းနိုင်ခဲ့တယ်လို့သိရပါတယ်။ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်အင်အား ၃၀၀ နဲ့ ၅၀၀ ကြားမီးငြိမ်းသတ်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်နဲ့တပ်မတော်ကပါ လုံခြုံရေးအင်အားချကာ မီးငြိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။ ကန်တော်ကြီးပဲ့လေစ် မီးလောင်မှုဟာ မင်္ဂလာဈေးမီးလောင်မှုပြီးဒုတိယမီးသတ်တပ်ဖွဲ့အင်အားအများဆုံးနဲ့ ငြိမ်းသတ်ခဲ့ရတဲ့မီးလောင်မှုတစ်ခုဖြစ်တယ်လို့သိရပါတယ်။ 

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။