မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ အန်ဒါလက်အသင်းကို PSG အသင်းက ၄ ဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။PSG အသင်းဟာ အုပ်စုပွဲ ၃ ပွဲကစားထားပြီး ၃ ပွဲလုံးအနိုင်ရရှိထားကာ အုပ်စုထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။အန်ဒါလက်ချ်အသင်းကတော့ ၃ ပွဲကစားထားပြီးချိန် မှာ နိုင်ပွဲမရထားသေးပဲ ရမှတ် သုည နဲ့ အုပ်စုအောက်ဆုံးမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ 

အန်ဒါလက်ချ် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ သီယိုဒေါရှက် ၊ဟန်နီ၊ ဂါကန်စ်၊ အွန်ရီကွန်ယူ၊ ထရာဘယ်၊ ကန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ နေမာ၊ ကာဗာနီ၊ အမ်ဘတ်ပီ၊ ရာဘီယော့ ၊သီယာဂိုမော့တာ ၊ ဗာရက်တီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နေမာ၊ ကာဗာနီ၊ အမ်ဘတ်ပီ တိုက်စစ်က တစ်ယောက်တစ်ဂိုးစီသွင်းယူခဲ့ကြတာလည်းဖြစ်ပါတယ်။

PSG အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၃ မိနစ်မှာပဲ အမ်ဘတ်ပီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၄၄ မိနစ်မှာတော့ ကာဗာနီက ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။၆၆ မိနစ်မှာ PSG အသင်းအတွက် သုံးဂိုးမြောက် ဂိုးကို နေမာက သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ဆုံဂိုးကိုတော့ ၈၈ မိနစ်မှာ ဒီမာရီးယား က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man of the match ကိုတော့ အမ်ဘတ်ပီက ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။