မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ အိမ်ရှင်ဘိုင်ယန်မြူးနစ်အသင်းက ဆဲလ်တစ် အသင်းကို သုံးဂိုး ဂိုးမရှိ နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။နည်းပြသစ် ဂျက်ဟေးနက်စ် ရဲ့ နှစ်ပွဲဆက် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ အုပ်စုပွဲ ၃ ပွဲကစားထားပြီးချိန်မှာတော့ ၂ ပွဲနိုင် ၁ ပွဲရှုံး ရလဒ် ၆ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။အဆင့် ၁ နေရာက PSG အသင်းနဲ့ သုံးမှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။ဆဲလ်တစ်အသင်းကတော့ သုံးပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားပြီး ရမှတ် ၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လီဝန်ဒေါစကီး၊ သောမက်မူလာ၊ ရော်ဘင်၊ ကိုးမန်း၊ ရူဒီ၊ အယ်ကန်တာရာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆဲလ်တစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂရစ်ဖစ်၊ ဆင်ကလဲယား၊ အမ်းစထရောင်း၊ ရော့ဘတ်၊ စကော့ဘရောင်း၊ နက်လ်ဟမ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ဂိုးကန်သွင်းချက် ၂၆ လောက် ရှိခဲ့ပေမဲ့ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၁၇ မိနစ်မှာ သောမက်မူလာက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၂၉ မိနစ်မှာတော့ ကင်းမြွစ်က ဘိုင်ယန်မြူးနစ်အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးဂိုးကိုတော့ ဟမ်းမက်က ၅၁ မိနစ်မှာ သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man of the Match ကိုတော့ ရော်ဘင် က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။