ပရိသတ်အချစ်တော်မော်ဒယ်သရုပ်ဆောင်နန်းခင်ဇေယျာဟာ ရိုးရိုးယဉ်ယဉ်မြန်မာဖက်ရှင်လေးတွေနဲ့လန်း

နေတဲ့ပုံရိပ်လေးတွေကိုပရိသတ်ကြီးတွေ့မြင်ရတာပဲဖြစ်ပါတယ်။ပန်းဆီရောင်ထမီလေးကိုဝတ်ဆင်ပြီးအဝါရောင်မြန်မာအကျီ ၤလေးနဲ့စပါးခင်းထဲမှာရိုက်ကူးထားတဲ့လယ်တောသူမလေးတစ်ယောက်အသွင်နဲ့အရမ်းကိုလှပနေ

တဲ့သူမပုံရိပ်လေးဟာပရိသတ်တွေကြားရေပန်းအစားဆုံးပုံရိပ်လေးတွေဖြစ်ခဲ့ရပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲမြန်မာဝတ်စုံလေးတွေနဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေမျှဝေခဲ့တာဖြစ်ပြီးပရိသတ်တွေသဘောကျနှစ်သက်မှုရရှိနေတဲ့ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ်။

လက်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ကားကြီးတွေရိုက်ကူးဖြစ်နေတယ်လို့သိရပါတယ်။လက်ရှိမှာတော့ပရိသတ်ချစ်နန်းခင်ဟာရှုတင်ရိုက်ကူးရေးအတွက်တောင်ကြီးမှာရောက်ရှိနေတယ်လို့လဲသိရပါတယ်။ မကြာမှီပရိသတ်တွေကြည့်ရှု့ခံစားရတော့မယ့် အနုပညာရှင်ပေါင်းများစွာပါဝင်ရိုက်ကူးထားတဲ့ ‘မင်းဘာကောင်လဲငါဘာကောင်လဲဘယ်သူဘာကောင်လဲ’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလဲပါဝင်ရိုက်ကူးထားတယ်လို့သိရပါတယ်။သရုပ်ဆောင်နန်းခင်ဇေလျာဟာ သီချင်ဆိုဝါသနာပါပြီးဘက်စုံထူးချွန်တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုနဲ့အတူ Non-Stop ဆိုတဲ့ Albumခွေလေးလဲထွက်ရှိထားတယ်လို့လဲသိရပါတယ်။

ပြည်သူချစ်သရုပ်ဆောင်နန်းခင်ဇေယျာဟာ အနုပညာလုပ်ငန်းတွေအပြင် ပရဟိတလုပ်ငန်းတွေလဲများစွာလုပ်ကိုင်လျက်ရှိတယ်လို့သိရပါတယ်။ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေနဲ့အတူအနုပညာလုပ်ငန်းတွေဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပြီးပရိသတ်ကြီးအတွက်အကောင်းဆုံးကြိုးစားသွားမှာပါလို့ပြောပါတယ်။သရုပ်ဆောက်နန်းခင်ဇေယျာရဲ့မြန်မာဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းပြီး လှပတဲ့သူမပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - နန်းခင်ဇေလျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။