ပရိသတ်ချစ်တဲ့သရုပ်ဆောင်မင်းဦးရဲ့ကြည်နူးစရာဇနီးမောင်နှံဟာသူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာမန္တလေးမြို့မိဘမဲ့ဂေဟာလေးတစ်ခုမှာသွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။သရုပ်ဆောင်မင်းဦးနဲ့ချစ်ဇနီးခိုင်ဝေသူတို့ဇနီးမောင်နှံလေးကတော့ပရိသတ်တွေအားပေးချစ်ခင်ကြပြီးပျော်ရွှင်ကြည်နူးစရာမိသားစုဘဝလေးပိုင်ဆိုင်ထားတဲ့ဇနီးမောင်နှံ၂ယောက်ပဲဖြစ်ပါတယ်။သရုပ်ဆောင်မင်းဦးတို့ရဲ့ပျော်ရွှင်ဖွယ်ဇနီးမောင်နှံ၂ယောက်ဟာမန္တလေးကိုရောက်ရှိနေတာဖြစ်ပြီးသူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့လေးကိုလဲမန္တလေးမြို့ကမိဘမဲ့ဂေဟာလေးတစ်ခုမှာအလှူလေးလုပ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ချစ်ရတဲ့ဇနီးနဲ့အတူ မန္တလေးမြို့အနှံလည်ပတ်ခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလဲသူရဲ့လူမှု့ကွန်ယက်မှာမျှဝေထားထာကိုလဲတွေ့မြင်ရတာပဲဖြစ်ပါတယ်။

သရုပ်ဆောင်မင်းဦးဟာသူ့ရဲ့အနုပညာအလုပ်တွေအပေါ်နားလည်မှုရှိရှိနဲ့အားပေးနေတဲ့ချစ်ဇနီးသည်လေးကိုလဲကျေးဇူးအများကြီးတင်ပါတယ်လို့ပြောပါတယ်။လက်ရှိမှာအနုပညာလှုပ်ရှားမှုတွေအများကြီးလုပ်ကိုင်လျက်ရှိပြီးပရိသတ်ချစ်ခင်အားပေးမှုအပြည့်ရရှိထားတဲ့သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့ပါတာဝန်ယူပြီးဇာတ်ကားလေးတွေရိုက်ကူးလျက်ရှိတယ်လို့သိရပါတယ်။သရုပ်ဆောင်မင်းဦးဟာခန္ဓာကိုယ်ကောကိကြောင်းအလှတွေနဲ့ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့သရုပ်ဆောင် အေးမြတ်သူနဲ့အတူ ချူဆီ ဆိုတဲ့ဇာတ်ကားလေးကိုလဲဒါရိုက်တာအနေနဲ့တာဝန်ယူရိုက်ကူးခဲ့တာဖြစ်ပြီးမကြာမှီပရိသတ်တွေကြည့်ရှု့ခံစားရတော့မှာပဲဖြစ်တယ်လို့ဆိုပါတယ်။ 

သရုပ်ဆောင်ပိုင်းမှာကျရာဇာတ်ရုပ်ကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့အတူအနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်လျက်ရှိတဲ့ သရုပ်ဆောင်မင်းဦးဟာပရိသတ်ကြီးအတွက်အကောင်းဆုံးတင်ဆက်နိုင်ဖို့ကြိုးစားလျက်ရှိပါတယ်လို့ဆိုပါတယ်။သရုပ်ဆောင်မင်းဦးတို့ချစ်စရာဇနီးမောင်နှံ၂ယောက်ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - မင်းဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။