တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း အဆိုတော်အဖွဲ့ဖြစ်တဲ့ 2PM အဖွဲသားတွေဟာ သူတို့ရဲ့ အဖွဲ့ဝင် အဆိုတော် မင်းသားဖြစ်တဲ့ Tace Yeon ဆီကို အလည်အပတ်သွားရောက်ခဲ့တယ်တယ်လို့ သိရပါတယ်..။ Tace Yeon ဟာ (၁၉၈၈)ခုနှစ် ဒီဇင်ဘာ(၂၇) ရက်နေ့ တောင်ကိုရီယားမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဂီတပိုင်းမှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ အပြင် သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်တဲ့ အနုပညာရှင် မင်းသား တစ်ယောက်လည်း ဖြစ်ပါတယ်..။ Tace Yeon ရဲ့ စစ်မှုထမ်းကာလ အခြေခံစစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးကာလ ပြီးစီးခြင်း အမ်းအနားပွဲကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်..။ စစ်ယူနီဖောင်းကို စမတ်ကျကျဝတ်ဆင်ပြီး အလေးပြုနေတဲ့ ပုံကို 2PM ရဲ့ တရားဝင် Twitter မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်..။

အခြေခံ စစ်မှုထမ်းကာလပြီးစီးခြင်း အခမ်းအနားကို 2PM အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Nichkhun , Wooyoung နဲ့ Chansung တို့ က တတ်ရောက်ခဲ့တာ ဖြစ်ပါတယ်..။ Jun.K နဲ့ Junho တို့ကတော့ မအားလပ်တာကြောင့် မတတ်ရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်..။ အောက်တိုဘာ(၁၈)ရက်နေ့က အခမ်းအနားတတ်ရောက်ခဲ့တဲ့ 2PM အဖွဲ့သားတွေဟာ Tace Yeon နဲ့ အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို သူတို့ရဲ့တရားဝင်Twitter မှာ တင်ထားတာကို တွေ့ရပါတယ်..။ ဓာတပုံတွေထဲမှာ Tace Yeon ဟာ ပြုံးရွှင်ပြီး ကြည့်ကောင်း ခန့်ညားနေပါတယ်..။

Tace Yeon ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၄)ရက်နေ့မှာ စစ်မှုထမ်းသွားရောက်ခဲ့တာ ဖြစ်ပြီး အဲ့ဒီနေ့ရက်ဟာ သူတို့ 2PM အဖွဲ့ရဲ့ (၉)နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်..။ စစ်မှုထမ်းကိုတော့ မိသားစုနဲ့ သူရဲ့ အဖွဲ့ဝင်တွေကိုသာနှုတ်ဆက်ပြီး တိတ်တဆိတ် စစ်မှုထမ်းသွားခဲ့တာ ဖြစ်ပါတယ်..။ ထယ်ယောင်းဟာ အခုလို စစ်မှုထမ်းသွားနိုင်ဖို့အတွက် နောက်ကျောခွဲစိတ်မှု ခံယူခဲ့ရပြီး အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ကိုပါ အဆုံးရှုံးခံတာ ဖြစ်ပါတယ်..။ အခုလို စစ်မှုထမ်းနိုင်ဖို့ နောက်ကျောခွဲစိတ်မှုပြုလုပ်ခဲံပြီး အမေရိကန်နိုင်ငံသားဖြစ်ခွင့်ကိုပါ ဆုံးရှုံးခံပြီး စစ်မှုထမ်းဖို့ စိတ်ဆန္ဒရှိခဲ့တဲ့အတွက် ချီးကျူးမှုတွေကိုလည်း ရရှိခဲ့ပါတယ်.။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။